Posts

Showing posts from October, 2017

ကမ္ဘာ့နိုင်ငံအများစုက အဖြစ်အပျက်အမှန်ကို မသိဘဲ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများရှိနေဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Image
ကမ္ဘာ့နိုင်ငံအများစုက မိမိတို့နိုင်ငံ၏ အဖြစ်အပျက် အမှန်များကိုမသိကြဘဲ မီဒီယာများ၏ စွပ်စွဲပြောဆိုမှုများ အပေါ် အခြေခံ၍ မြန်မာနိုင်ငံအပေါ် ဖိအားများ ပေးနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ အမှန်တရားကို လက်ခံရမည်သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် နှစ်ကာလ များစွာက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အပေါ်တွင် အခြေခံပြီး ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားနိုင်ဘဲ နိုင်ငံသားအဖြစ် လက်မခံနိုင် ကြောင်း၊ ယင်းကိုစိစစ်ရန်လုပ်ဆောင်ရာမှ ပြဿနာဖြစ်ပွား ရခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ဘင်္ဂလီ အကြမ်းဖက်အင်အား ၄၀၀၀ ခန့်က တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး စတင်တိုက်ခိုက် ခဲ့ခြင်း သာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အင်အားသုံး၍ တိုက်ခိုက် သတ်ဖြတ်မှု၊ အကြမ်းဖက် ဖိနှိပ်မှုများ ကျူးလွန်မှု မရှိကြောင်း၊ ဖြစ်ရပ်မှန် များကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း၊ မိမိတို့အနေဖြင့် အမှန်အတိုင်းသာ ရပ်တည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေ...

ငါးပိ၊ လက်ဖက်နှင့် ငရုတ်သီးမှုန့် ၈ မျိုး စားသုံးရမသင့် ကြေညာ

Image
ငါးပိ၊ လက်ဖက်နဲ့ ငရုတ်သီးမှုန့်အမျိုးအစား ၈ မျိုးကို အများပြည်သူ စားသုံးရန် မသင့်တဲ့ အစားအစာတွအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ကြေညာထားတဲ့ အစားအစာနဲ့ အမှတ်တံဆိပ်တွေထဲမှာ ရွှေပုဇွန် ပုစွန်ငါးပိ၊ မြသီရိ မြိတ်ငါးပိထောင်း၊ ရွှေဟင်္သာ အရောင်တင်မှုန့်၊ ဟင်္သာမင်း ငရုတ်သီးအစိမ်းမှုန့်၊ အေးကမ္ဘာ ရှူးရှဲလက်ဖက်ချဉ်စပ်နှပ်၊ မသက်သက် လက်ဖက်ချဉ်စပ်နှပ်၊ ရွှေတောင်တန်း လက်ဖက်ချဉ်စပ်နဲ့ ရွှေဖောင်းကွဲ လက်ဖက်အညွန့်တို့ ပါဝင်ပါတယ်။ ဈေးကွက်ထဲ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာမှာ အဆိုပါ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ အစားအသောက်တွေမှာ ခွင့်မပြု ဆိုးဆေးတွေနဲ့ မှိုအဆိပ်တွေ ပါဝင်နေတာကြောင့် ခုလို စားသုံးဖို့ မသင့်ကြောင်း ကြေညာလိုက်တာလို့ ဆိုပါတယ်။ အစားအသောက်တွေမှာ သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေကို အသုံးမပြုကြဖို့နဲ့ လိုက်နာမှု မရှိရင် ဥပဒေအရ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ DVB TV News http://burmese.dvb.no/archives/236163

ခြေအိတ်အတွင်းတွင် ဂလူးကို့စ်ဆေးပြား မက်ဆီ ထည့်သွင်းယူဆောင်လာခဲ့

Image
ဘာစီလိုနာ၊ အောက်တိုဘာ ၁၉ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက အိုလံပီယာကော့စ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ၎င်း၏ခြေအိတ်အတွင်း၌ ဂလူးကို့စ်ဆေးပြား ထည့်သွင်းယူဆောင်လာကာ သောက်သုံးခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။ မက်ဆီသည် ပွဲအစ ၁၀ မိနစ်ခန့်တွင် ယင်းဆေးပြားကို ခြေအိတ်အတွင်းမှထုတ်ယူ၍ သောက်သုံးခဲ့ကာ ယင်းဆေးပြားမှာ ကစားသမားတစ်ဦးအတွက် ခွန်အားကို အထောက်အပံ့ဖြစ်စေသော ဆေးအမျိုးအစားဖြစ်ဖွယ်ရှိသည်ဟု သတင်းမီဒီယာများက သုံးသပ်ခန့်မှန်းထားကြသည်။ ရုပ်သံဌာနများသည် ခြေအိတ်အတွင်းမှနေ၍ မက်ဆီ ဆေးထုတ်ယူသောက်သုံးနေသည်ကို စက္ကန့်အနည်းငယ်ကြာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့ကြပြီး ယခုပွဲစဉ်တွင် မက်ဆီမှာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဥရောပပြိုင်ပွဲများတွင် သွင်းဂိုး ၁၀၀ ပြည့်ဂိုးကို သွင်းယူ၍လည်း မှတ်တမ်းသစ်တစ်ရပ် ရေးထိုးသွားနိုင်ခဲ့သည်။ မက်ဆီသည် ဘာစီလိုနာနှင့် အိုလံပီယာကော့စ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရယူစွမ်းဆောင်ပေးနိုင်ခဲ့ကာ ဒစ်ဂ်နေး သွင်းယူခဲ့သော တတိယဂိုးမှာ မက်ဆီ၏ဖန်တီးပံ့ပိုးပေးမှုကတစ်ဆင့် ရရှိသွားခဲ့ခြ...

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော

Image
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေး နေ ကြောင်း အပစ်ရပ် အဖွဲ့များက ဧရာဝတီသို့ ပြောသည်။ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေသူများ၏ အတွေ့အကြုံ၊ အရည်အချင်း အားနည်းခြင်း၊ အစိုးရနှင့် တပ်မတော်တို့ တသားတည်း မဖြစ်ဘဲ သဘောထား ကွဲပြားမှုများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က “နှောင့်နှေးကြန့်ကြာတယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။ ပြည်သူကိုချစ်တယ်။ တိုင်းပြည်ကို ချစ်တယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှု မရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အစိုးရပိုင်းက အလေးထား စဉ်းစားသင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ အစိုးရဘက်တွင်လည်း မညီညွှတ်ဘဲ ကွဲလွဲမှုများ ရှိနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်တွင်လည်း အဖွဲ့မျိုးစုံ ကွဲ၍ ငြိမ်းချမ်းရေး ရယူရန် ချည်းကပ်သည့် လမ်းကြောင်း မတူညီခြင်းများက လက်ရှိ တိုင်းပြည်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သက်ရောက်မှု များစွာ ဖြစ်စေကြောင်းလည်း ၎င်းက ပြောဆိုသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တာဝန်ယူ ဆောင်ရွက်သည့် သမ္မတ...

တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီ မရနိုင်ဟု ပြည်ထောင်စုရှေ့နေချုပ် ပြော

Image
တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီဟာ အတူတကွ ယှဉ်တွဲနေထိုင်ပြီး တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁၈ ရက် မနက်က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ဆင်းရဲနွမ်းပါးသူတွေအတွက် ဥပဒေကိစ္စရပ်တွေကို အခမဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် My Justice စင်တာဖွင့်ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီက အတူတကွ ယှဉ်တွဲနေထိုင်တယ်။ တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ဘူး။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ တရားဥပဒေစိုးမိုးရေးက အလွန်အရေးကြီးပါတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက်ပေးထားတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ MyJustice စင်တာကို လူ့အသိုင်းအဝိုင်းအတွင်း ရာဇဝတ်မှုနဲ့ စွပ်စွဲခံရတဲ့ ဆင်းရဲသား ပြည်သူတွေ၊ တန်းတူညီမျှမှု မရှိသူတွေ၊ အထူးသဖြင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေ၊ လိင်တူချစ်သူတွေ၊ လူမျိုး ကိုးကွယ်ယုံကြည်မှု လိင်စိတ်ခံရယူလို့မရတဲ့ လူနည်းစုတွေအတွက် ဥပဒေအကျိုးဆောင်ပေးခြင်းအားဖြင့် မြန်မာနို...

လမ်းလျှောက်လာသည့် လင်မယားနှစ်ဦးအား ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို အုပ်စုလိုက်အဓမ္မပြုကျင့်မှုဖြစ်ပွား၊ ပြစ်မှုကျူးလွန်သူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Image
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်တံတားအနီးတွင် အောက်တိုဘာ ၁၅ရက် နံနက် ၂နာရီအချိန်ခန့်က ရထားလမ်းအတိုင်း လမ်းလျှောက်လာသော လင်မယားနှစ်ဦးကို အမျိုးသားခြောက်ဦးက  ဆိုင်ကယ် ခိုးယူသွားသူများဟု စွပ်စွဲကာ တစ်နေရာစီခွဲ၍ ခေါ်ဆောင်သွားပြီး ဇနီးဖြစ်သူကို အုပ်စုလိုက်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ ဘုရားပွဲတွင် ဈေးရောင်းချနေသည့် မ--- ၂၆နှစ်၊ ပျဉ်းမနားမြို့နေသူနှင့်  ခင်ပွန်းဖြစ်သူတို့ လင်မယားနှစ်ဦးသည် စကားများရာမှ ခင်ပွန်းဖြစ်သူမှာ စိတ်ဆိုးပြီး လိုင်းကားဖြင့် မန္တလေးသို့ထွက် သွား၍ မ---က ပြန်ခေါ်ရန်  ရထားဖြင့်လိုက်လာခဲ့ရာ ဦးပွားခုံးကျော် တံတားအနီးတွင် ခင်ပွန်းဖြစ်သူကို တွေ့ရှိရပြီး ရထားလမ်းအတိုင်း ဘူတာကြီးဘက်သို့ လမ်းလျောက်ပြန်လာခဲ့သည်။ ဦးပွားခုံးကျော် တံတားအနီးဘုန်းကြီးကျောင်းရှေ့အရောက် အမျိုးသားလေးဦးနှင့် တွေ့ဆုံပြီး ၎င်းတို့မှ "ဆိုင်ကယ် ၂စီးပျောက်သွားတာ နင်တို့ခိုးတာပဲ လူခွဲစစ်ဆေးမယ်"ဟု ပြောဆိုစဉ် နောက်ထပ်အမျိုးသား ၂ဦး ထပ်မံရောက်ရှိလာကာ ခင်ပွန်းဖြစ်သူအား ရထားလမ်းအတိုင်း မြောက်ဘက်သို့ခေါ်သွား၍ မ---အား ရထားသံလမ်း အရှေ့ဘက် ချုံပုတ်အစပ...

ဖြိုးကိုကိုတင့်ဆန်းသည် ပြည်ခိုင်ဖြိုးနှင့် လုံးဝမသက်ဆိုင်ကြောင်း ပါတီပြောကြား

Image
Wednesday, October 18, 2017 အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်တွင် သေနတ်များတွေ့ရှိပြီးနောက် ဖြိုးကိုကိုတင့်ဆန်းကို ထိန်းသိမ်းထားစဉ် တရားမ၀င်လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးမှုတို့ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသော ဦးဖြိုးကိုကိုတင့်ဆန်းသည် ပါတီ နှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည်။ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် မြောင်းမြမဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ် သည်။ ‘‘၂၀၁၂ ကတည်းက ပါတီ က နုတ်ထွက်ပြီး ပါတီနဲ့ ထိတွေ့ မှုလုံးဝမရှိပါဘူး’’ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။ သမ္မတဟောင်းဦးသိန်းစိန် လက်ထက် အားကစားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦး တင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းသည် ဖခင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြောင်း မြမဲဆန္ဒနယ်၌ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ်ခဲ့သည်။ ၎င်းသည် လက်ရှိမြန်မာနိုင် ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် နေပြည်တော်ဘောလုံး အသင်း၏ ပိုင်ရှင်ဖြစ်သ...

မြစ်ကြီးနားအခြေစိုက် DVB ရုပ်သံသတင်းထောက် ဓားဖြင့် အပေါက်ခံရ

Image
မြစ်ကြီးနားအခြေစိုက် DVB ရုပ်သံသတင်းထောက် မသင်းသင်းနွယ်သည် အောက်တိုဘာ ၁၆ ရက်ညဥ့်နက်ပိုင်းက ဘုရားဈေးပွဲကအပြန်တွင် ဓားပေါက်ခံရကြောင်း သတင်းရရှိသည်။ ကာယကံရှင်ဖြစ်သူ မသင်းသင်းနွယ်က “မနေ့ညက ခေမာသီရိရပ်ကွက်က ရွှေတိဂုံပုံတူ ဘုရားပွဲဈေးသွားတာ။ ၁၁ နာရီလောက်ရှိမယ်။ သူငယ်ချင်းတွေက ကားနှင့်အနောက်က ကျွန်မတို့က ဆိုင်ကယ်နှင့်ဆိုတော့ အရှေ့ရောက်သလိုဖြစ်တာ။ ခေမာသီရိလမ်းသွယ် ၁၇ လောက်ကလိုက်လာတာ။ နောက်တော့ ဆိုင်ကယ်ချင်းယှဉ်ပြီး ဓားအတိုထုတ်ပြီး ရပ်ခိုင်းတာ။ အတင်းမောင်းပြေးတော့အဖွဲ့တွေ ခြောက်ယောက်လောက် ရှေ့ကစောင့်ပြီး ဖြတ်လိုက်လာတာ။ လူငယ်တွေလိုပဲဖြစ်မယ်။ ခေါင်းကိုတော့ ဦးထုပ်တွေနဲ့ ကွယ်ထားတယ်။ ခဲတွေနဲ့လည်း ပေါက်တယ်။ ခြေထောက်ကို ကျောက်ခဲမှန်တယ်လို့ထင်တာ။ အသိအိမ်အထိ မောင်းပြေးပြီး နာလာလို့ကြည့်မှ ဓားပေါက်ခံရမှန်းသိတာ။ အထဲကို တစ်လက်မလောက်နက်တယ်။ ဆေးခန်းပြပြီး သုံးချက်ချုပ်ရတယ်။ ငွေလေးသောင်းလောက် ကုန်သွားတယ်။ ရဲစခန်းကိုတော့ အကြောင်းကြားပြီးပြီ။ အရင်နှစ်ကလည်း ညနေ ၅ နာရီလောက်မှာ ဆုတောင်းပြည့်ဘုရားကွေ့မှာ အလုခံရတယ်။ မြစ်ကြီးနားမှာက ဒါတွေကို ဘယ်သူမှမဖြေရှင်းပေးကြဘူး” ဟုဆိုသည်။ တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘေ...

မန်လည်ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ထူးခြားသောဖြစ်ရပ်

Image
မန်လည်ဆရာတော်ဟု ဆိုလျှင် ယနေ့ခေတ်တိုင် သိသူများစွာ ရှိနေကြဦးမည်။ ဆရာတော်ကြီး၏ လက်ရာမွန်များအနက် မာဃဒေ၀လင်္ကာသစ်ကို ယနေ့ထိတိုင် သုံးနေကြတုန်းပင်။ ထိုကျမ်းကို ဆရာတော်ကြီးသည် ရဟန်း ၁၀ ၀ါတွင် စတင်ရေးခဲ့ပြီး မအားမလပ်သော သာသနာ့တာဝန်များကြောင့် ၃၃နှစ်ကြာ ၁၂၆၆ ခုနှစ်မှ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီးအား သာယာဝတီမင်းလက်ထက် စစ်ကိုင်းမြို့ အင်းတော်မြို့နယ် မန်လည်မြို့တွင် မွေးဖွားခဲ့ပြီး မိဘနှစ်ပါး မှာ ဦးထင်ညို နှင့်ဒေါ်ဖြေ ဖြစ်ပြီး လူနာမည် မောင်မာ ဖြစ်သည်။ ပိဋကတ်စာပေကျမ်းဂန်များကို ငယ်စဉ်ကပင် ဆရာနည်းကျကျသင်ယူခဲ့ပြီး ဘင်္ဂလီ ၊ နာဂရီ ၊ သီဟိုဠ် ၊ သက္ကတ ၊ မာဂဓ စသည့် ဘာသာမျိုးစုံကို တတ်ကျွမ်းခဲ့သူဖြစ်သည်။ ထိုခေတ်ထိုအခါက ဆရာတော်ကြီးများ အတုယူခဲ့ရပြီး စာပေေ လာကအတွက် အဖိုးမဖြတ်နိုင်သူဖြစ်သည်။ အရေး ၊ အဟော ၊ အကျင့် ဘက်စုံထူးချွန်သည့်အပြင် ဒွေးချိုး ၊ လေးချိုး ၊ တေးထပ် ၊ ရတု အစရှိသည့် ကဗျာ၊ စာ မျိုးစုံကိုလည်း ပါရဂူမြောက်ရေးဖွဲ့နိုင်သူ ဖြစ်သည်။ မာဃဒေ၀လင်္ကာသစ်အပြင် အခြားကျမ်းစာပေါင်း ၃၀ခန့် ကိုပြုစုခဲ့သူလည်း ဖြစ်သည်။ တစ်သက်လုံးတွင် စာပေများလေ့လာဆည်းပူးခြင်း ၊ ကျမ်းများပြုစုခြင်း ၊ စာသင်သားများအား စာပေပို့ချခင...

ခွေးဝမ်းသာအောင် လေလည်ပြနေတာလား

Image
ရခိုင်အရေးကိစ္စမှာ အစိုးရသစ်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘင်္ဂါလီလူများစုအပေါ် ရပ်တည်မှုမရှိလို့ဆိုပြီး  အစ္စလာမ်နိုင်ငံတွေ၊ အနောက်နိုင်ငံတွေက ဖိအားတွေ  တောက်လျောက်ပေးခဲ့ပြီး အကျိုးလိုလို့ ညောင်ရေသွန်းခဲ့တဲ့  ဆုတံဆိပ်တွေကို ပြန်သိမ်းခဲ့တယ်..  အစိုးရသစ်ရဲ့မူဝါဒကလည်း  အနောက်မျှော်ဝါဒကို ကျင့်သုံးခဲ့တာ  အားလုံးအသိပဲဖြစ်ပါတယ်.. အနောက်နိုင်ငံတွေ  အစ္စလာမ်နိုင်ငံတွေကလည်း မဲနိုင်အောင်၊ NLD  အစိုးရသစ်ဖွဲ့နိုင်အောင် အစစအရာရာ  ကူညီထောက်ပံ့ပေးခဲ့တာလည်း အားလုံးအသိပဲဖြစ်ပါတယ်..  ဒီတော့ ရခိုင်အရေးကိစ္စမှာ ဒ်ါအောင်ဆန်းစုကြည်အနေနဲ့  အနောက်နိုင်ငံတွေနဲ့အစ္စလာမ် နိုင်ငံတွေရဲ့  အမျက်ဒေါသတွေပြေအောင်၊ သူ့အပေါ်ပိနေတဲ့ ဖိအားတွေလျော့သွားအောင်  ဘာသာပေါင်းစုံဆုတောင်းပွဲဆိုပြီး ထလုပ်တော့တာပဲ..  ဘာလို့အဲ့လို ထလုပ်လဲဆိုတော့ မြန်မာနိုင်ငံမှာ  ဘာသာတွေအကုန်လုံး စည်းစည်းလုံးလုံးနေနေတယ် ဆိုတာကို ပြချင်လို့ပဲဖြစ်ပါတယ်..  အဓိကကတော့ မွတ်ဆလင်တွေနဲ့ အတူတကွလက်တွဲပြီး  နေနေပါတယ်ဆိုတာကို ကမ္ဘာကို ချပြချင်လို့ လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်.. ဒါ့ကြောင့် အစိုး...

ဦး​နေဝင်း..၂၆ နှစ်​...အုပ်​ချုပ်​ခဲ့တယ်​ ဦးသန်း​ရွှေ.....၂၂ နှစ်​...အုပ်​ချုပ်​ခဲ့တယ် ဦးသိန်းစိန်​..၅နှစ်​....အုပ်​ချုပ်​ခဲ့တယ်​ စုစု​ပေါင်း..၅၃နှစ်​အုပ်​ချုပ်​ခဲ့ကြတယ် ပြောပါဦး.

Image
 စစ်​​ရေးအမြင်​​တွေ..တတ်ကျွမ်းခဲ့ကြ​တော့ မြန်​မာပြည်​ကြီးကို စစ်​​ရေးအမြင်​​ကြောင့်​ ကယ်​တင်​လိုက်​တာ...​ နောက်​ဆုံးမှာ အာရှမှာ...မြန်​မာကဒုတိယအဆင်းရဲဆုံး ကမ္ဘာ့ကျန်းမာ​ရေး​စောင့်ရှောက်​မှူးအဆင့်က နောက်ဆုံး မူးယစ်​​ဆေးဝါးထုတ်​လုပ်​ဖြန့်​ဖြူးမှူ့က..... ဒုတိယအများဆုံးနိုင်​ငံ ပြည်​ပ​ကြွေးမြီက...​ ဒေါ်လာသန်းကိုး​ထောင်​ ပြောပါဦး.. စစ်​​ရေးအမြင်​ရှိခဲ့ကြတယ်​လို့ တစ်​​ယောက်​ကို ၃ဘီလီယမ်​ အထက်​ပိုင်​ဆိုင်​တဲ့ အ​ယောက်​ ၅၀ ပုဂ္ဂိုလ်​ နဲ့ကမ္ဘာ့အဆင်းရဲဆုံး ..နိုင်​ငံဖြစ်​ခဲ့တာ.... စစ်​​ရေးအမြင်​ရှိခဲ့ ကြလို့​ပေါ့​နော်​!!!!! အင်​မတန်​​တော်​ပါ​ပေတယ်​ဗျာ နိုင်​ငံကမွဲပြီး..အစိုးရချမ်းသာတဲ့သူခိုး​တွေ ​မွေးထုတ်​​ပေးခဲ့တဲ့..... အာရှသမိုင်းဝင်​နိုင်​ငံဖြစ်​သွားတာ​ပေါ့ .......ဘင်္ဂလီလူဦး​ရေ..၁၉၅၆..မှ.၁၉၆၀အတွင်း ဘင်္ဂလီဦး​ရေ...၅သိန်းနီးပါး..က​နေ ၂၀၁၆အထိမှာ...၁ဒသမ ၁သန်း..တိုးပွား​အောင်​ စွမ်း​ဆောင်​နိုင်​ခဲ့ကြတယ်​....​ပေါ့ ...........စစ်​​ရေးအမြင်​ရှိခဲ့ကြပုံများ ပညာတက်​နည်းပါး​အောင်​လုပ်​ခဲ့တဲ့ပညာ​လေး ...........​ပြောပါဦး!!!! .........ဟုတ်​ပါပြီ....စစ်​​ရေးအမြင်​ရှိခဲ့ကြလို့ ၂၀၀၈​ခြေဥ ကိုလည်း..ခင်​...

လျှပ်စစ်ဓာတ်အားခကို Internet Billing နှင့် Moblie Billing စနစ်များဖြင့် ကောက်ခံရန် စီစဉ်နေ

Image
လျှပ်စစ်ဓာတ်အားခကို Internet Billing နှင့် Moblie Billing စနစ်များဖြင့် ကောက်ခံရန်စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ မီတာကောင်းမွန်မှုမရှိခြင်းနှင့် ဓာတ်အားခ တွက်ချက်မှုမှားယွင်းခြင်း (Bill Error) များမရှိစေရေးအတွက် ရပ်၊ ပျက်၊ နှေး မီတာများ အသစ်လဲလှယ်ခြင်း၊ ဒစ်ဂျစ်တယ်မီတာများဖြင့် အစားထိုးတပ်ဆင်ခြင်းများ၊ Hand Held Unit (HHU) သုံးစွဲ၍ မီတာဖတ်ရှုခြင်း၊ ကွန်ပျူတာစနစ်သုံး၍ Bill တောင်းခံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး Internet Billing နှင့် Moblie Billing စနစ်ဖြင့် Bill တောင်းခံနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မီတာမရှိဘဲ ဓာတ်အားလိုင်းအား တိုက်ရိုက်ဆက်သွယ်ခြင်း၊ ပျက်ယွင်းနေသည့် မီတာများအား အချိန်မီလဲလှယ်မှုမရှိခြင်းနှင့် ဓာတ်အားသုံးစွဲသူအားလုံးကို ပြည့်စုံစွာ ဓာတ်အားကောက်ခံနိုင်မှု မရှိခြင်းများအတွက် လျှပ်စစ်မီအသုံးပြုသူများနှင့် ဌာန၀န်ထမ်းများအား လိုက်နာဆောင်ရွက်စေရေး စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ ဓာတ်အားခနှုန်းထား ကောက်ခံမှုအရ အိမ်သုံးအတွက် ယူနစ်သုံးစွဲမှုအပေါ် မူတည်ကာ ၃၅ ကျပ်မှ ကျပ် ၅၀၊ စက်မှုစီးပွားရေးသုံးအတွက် ယူနစ်သုံးစွဲမ...

ဆင်းရဲနွမ်းပါးမှုနှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးမှု ကွာဟခြင်း

Image
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဖြစ်ရပ်များကဲ့သို့ ပြည်တွင်းမငြိမ်သက်မှုများ၊ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများတို့နှင့်အတူ ဆင်းရဲနွမ်းပါးမှု မြို့ပြကျေးလက်ဖွံ့ဖြိုး မှု ကွာဟချက်တို့ကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲများစွာ ရှိနေသည်။ စိုက်ပျိုးရေးကို အခြေခံသလို သဘာဝသယံဇာတပေါများသော နိုင်ငံအဖြစ် ကမ္ဘာကအသိအမှတ်ပြုခံခဲ့ရသည့် မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာဖူလုံသော နိုင်ငံအဖြစ် သတ်မှတ်ကြသော်လည်း အထက်ပါကဲ့သို့ အခက်အခဲများက စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု ပြဿနာများ၊ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာများကို ဖြေရှင်းရန်လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၌ ကောက်ယူခဲ့သည့် Integrated Household Living Condition Survey စစ်တမ်းအရ ဆင်းရဲမှုမျဉ်းအောက်တွင် နေထိုင်သူ ၂၅ ဒသမ ၆ ရာနှုန်းခန့်ရှိပြီး အများစုမှာ လယ်ယာလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သည့် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် Global Nutrition Report အရ မြန်မာနိုင်ငံ၏ အာဟာရဖွံ့ဖြိုးမှုအဆင့်ဟာ ၁၃၆ နိုင်ငံအနက် အဆင့် ၁၀၆ တွင်သာရှိနေကြောင်း၊ နိုင်...

ကလေးဝမြို့ ချင်းတွင်းတံတား (ကလေးဝ) အနီးတွင် ဖောက်ခွဲရေးစနက်တံ လေးသောင်း ဖမ်းဆီးရမိ

Image
ကလေးဝမြို့ ချင်းတွင်းတံတား (ကလေးဝ) အနီးတွင် ဖောက်ခွဲရေးစနက်တံ လေးသောင်းကို အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးပေါ်မှ ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။ “ဖမ်းမိတာက ချင်းတွင်းမြစ်တံတားအလွန် မဟာမြိုင်လမ်းမိုင်တိုင်အမှတ် ၁၀၄ နဲ့ ၁၀၅ မိုင်ကြားမှာမိတာပါ။ သယ်ဆောင်လာတာက ကိုယ်ပိုင်ကားနဲ့ သယ်လာတာပါ။ တစ်ဖာကို အခုတစ်ရာပါတယ်။ စနက်တံတစ်ခုကို ဆေးလိပ်အရွယ်လောက်ရှိတယ်။ ဘူးပေါင်း ၄၀၀ ပါ။ သယ်ဆောင်တဲ့သူက သန်းနိုင်ဦး (၄၂ နှစ်)နဲ့ ပြည့်ဖြိုးအောင် (၂၉ နှစ်) တို့ပါ။ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ နဲ့ အရေးယူထားပါတယ်။ ဘူးလေးရာမှာ သုံးပေ၊ နှစ်ပေသေတ္တာနှစ်လုံးစာလောက် ရှိပါတယ်။ ဒီလိုပါ ဖောက်ခွဲရေးလုပ်မယ့် နေရာမှာကျောက်ကိုဂန်းနဲ့ ဖောက်လိုက်တာပေါ့။ ဂန်းနဲ့ဖောက်ပြီး ပင်မယမ်းကိုထည့်လိုက်တာပါ။ ပင်မယမ်းကိုမှ ဒီဟာက ဒီတိုနေတာခေါ်တာပေါ့။ ပင်မယမ်းကို ဒီတိုနေတာစိုက်လိုက်တာ။ စိုက်ပြီးတော့ ၀ိုင်ယာနဲ့ရှော့တိုက်တာပါ။ သူက ဖျူးစ် (Fuse) သဘောမျိုးပါ။ ကားနံပါတ်က MDY/6E-7508။ ပစ္စည်းတွေက အိန္ဒိယနိုင်ငံကုမ္ပဏီက တရားဝင်ထုတ်တာပါ” ဟု ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က ပြောကြားသည်။ အဆိုပါ ဖောက်ခွဲရေးစနက်တံများကို ခ...

မြင်းမူတွင် ဘုရားဆင်းတုတော်များ တင်လာသည့်ကားကို ပိုင်ရှင်မဲ့ဖမ်းမိ

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းအရာတော်သွား ကားလမ်းပေါ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်က ဘုရားဆင်းတုတော် သုံးဆူကို ခိုးယူတင်ဆောင်လာသည့်ကားကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ယင်းနေ့က အဆိုပါ မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် မောင်းနှင် ထွက်ပြေးခဲ့ပြီးနောက် မြင်းမူမြို့နယ်၊ ကံဖျားရွာအနီး၌ ယာဉ်ကို ရပ်တန့်ထားသည်ကို တွေ့ရ၍ စစ်ဆေးရာတွင် ကားပေါ်၌ ဉာဏ်တော်လေးပေရှိ ထိုင်တော်မူ ယွန်းဘုရားတစ်ဆူ၊ ဉာဏ်တော် သုံးပေကျော်ရှိ ရပ်တော်မူ ကျောက်ဆင်းတု နှစ်ဆူနှင့် ဆက်စပ် ပစ္စည်းများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။  အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရားဆင်းတုတော်များ ခိုးယူလာသူ နှစ်ဦးကို မြင်းမူမြို့မရဲစခန်းက (ပ)၁၁၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်ကာ စုံစမ်းနေကြောင်း အဆိုပါစခန်းထံမှ သိရသည်။ The Voice http://thevoicemyanmar.com/news/12891-mmd Photo : DVB TV News

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

Image
မြစ်ကြီးနား၊ မိုးကောင်း၊ တနိုင်း၊ ဖားကန့် နယ်မြေတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း  လုပ်ကိုင်နေသူတစ်ဦး၏ပြောပြချက် ဖြစ်ပါ သည်- ကျွန်တော့်ဇာတိက (--) မြို့ကပါ၊ စီးပွားရေး  လုပ်ငန်းကတော့ ကုန်စည်ပို့ဆောင်ရေးပေါ့၊ ကျွန်တော့်မှာ ကုန်ကား (၁၂ ဘီးကား) နှစ်စီး ရှိတယ်။ အများအားဖြင့် တွက်ခြေပိုကိုက်တဲ့  တနိုင်း၊ ဖားကန့်လမ်းကြောင်းဘက်ကို ကုန်ပို့ ဖြစ်တာ များတယ်။ ကချင်ပြည်နယ်ရဲ့ ထုံးစံအတိုင်းပေါ့ဗျာ။သွား  လာလုပ်ကိုင်ရင် လိုင်းကြေး (ဆက်ကြေး) ပေး ရတယ်။ ဒီဘက်က ဌာနဆိုင်ရာဘက်ကို ပေးရတာရှိ သလို ဟိုတောထဲက KIA အဖွဲ့တွေကိုလည်း  ပေးရတယ်။ မပေးလို့ မရဘူးလေဗျာ။ ဒီဘက်က အစိုးရ ၀န်ထမ်းဆိုတာက အလွန်ဆုံး ဖမ်းဆီးတာ၊  အရေးယူတာလောက်ပဲ လုပ်တာလေ။ KIA ဆိုတာက တရားဥပဒေ ရှိတာမှ မဟုတ် တာ။ သူတို့ပါးစပ်ထဲမှာပဲ ဥပဒေနဲ့ အာဏာက  လိုသလို ဖြစ်နေတာ။ ကလန်ကဆန်သွားလုပ် ရင် အသတ်ခံရမှာ။ ဆက်ဆံချင်လို့ ပေးချင်လို့တော့ ဘယ်ဟုတ် မလဲဗျာ။ ဒီလိုပဲ ကိုယ့်တစ်ဝမ်းတစ်ခါးအတွက်  ရှာဖွေစားသောက်ရတဲ့အခါ အဆင်ပြေအောင် ပေးရတဲ့သဘောပါ။ ကျွန်တော်လည်း ဒီကုန်စည်ပို့တဲ့လုပ်ငန်းကို  လုပ်ကိုင်ခဲ့တာ ဆယ်စုနှစ်ဝန်းကျင်ရှိပြီဆိုတော...

ဆည်တော်ကြီးဆည် စိုးရိမ်ရေမှတ် ကျော်သည်အထိ မြင့်တက်လာသောကြောင့် ရေလွှတ်ခဲ့ရာ မတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာအချို့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး ကလေးငယ်တစ်ဦး မျောပါသေဆုံး

Image
ဆည်တော်ကြီးဆည် စိုးရိမ်ရေမှတ်ကျော်သည်အထိ မြင့်တက်လာသောကြောင့် ရေလွှတ်ခဲ့ရာ မတ္တရာမြို့နယ် အတွင်းရှိ ကျေးရွာအချို့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး ကလေးငယ်တစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ ဆည်တော်ကြီးဆည်၏ စိုးရိမ်ရေမှတ် ၄၁၉ ဒသမ ၅ ပေ ကျော်လွန်သည်အထိ မြင့်တက်လာသောကြောင့် အောက်တိုဘာ ၁၄ ရက် နံနက် ၆ နာရီမှ စတင်ရေလွှတ်ခဲ့သောကြောင့် မတ္တရာမြို့နယ် အတွင်းရှိ သပြေသာ၊ ဆိပ်သာ၊ ရှားစေးချက်၊ ကျွဲချ၊ အုတ်တိုက်၊ ကျောက်စရစ်၊ တံငါ အစရှိသည့် ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး တံငါရွာမှ ကလေးငယ်တစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ကြောင်း သိရသည်။ “သေသွားတဲ့ကလေးကို ဒီနေ့မနက်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။ လယ်ကွင်းတွေ၊ စိုက်ခင်းတွေကတော့ အကုန်ရေမြုပ်ကုန်တယ်၊ ပျက်စီးဆုံးရှုံးမှုတွေကတော့ အတိအကျ မသိသေးပါဘူး။ ရေကျမှပဲ သိမှာပါ။ ကျွန်တော်တို့ရွာက လူတွေကတော့ ရေလွတ်ရာကို အခုပြောင်းနေကြပါပြီ” ဟု တံငါရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။ ဆည်တော်ကြီးဆည်အတွင်း စိုးရိမ်ရေမှတ်အထက် မြင့်တက်လာမှုကြောင့် အောက်တိုဘာ ၁၄ ရက်မှစ၍ ရေတံခါး ခုနစ်ခုစလုံးဖ...

နေပြည်တော်လေဆိပ်တွင် သေနတ်နှစ်လက် ဖမ်းမိ

Image
နေပြည်တော်လေဆိပ် တွင် ယမန်နေ့ညနေက ဦးဖြိုးကိုကို တင့်ဆန်းနှင့် ခရီးသွားဖော်အမျိုးသား နှစ်ဦးထံမှ သေနတ်နှစ်လက် ဖမ်းမိခဲ့ ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက အ တည်ပြု ပြောကြားသည်။ အောက်တိုဘာ ၁၅ ရက်ညနေ ၅ နာရီဝန်းကျင်တွင် နေပြည်တော်လေဆိပ်၌ ဦးဖြိုးကို ကိုတင့်ဆန်းနှင့် မြားပစ်လက်ရွေး စင်ဟောင်းနှစ်ဦးထံမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြားပစ်လက်ရွေးစင်ဟောင်းနှစ် ဦးမှာ ဦးရဲမင်းဆွေနှင့် ဦးဇော်ဝင်း ထိုက်တို့ဖြစ်သည်။ ၎င်းတို့သုံးဦး ထံမှ မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရမိခဲ့ကြောင်းလည်း ၎င်း က ဆက်လက်ပြောသည်။ ဦးဖြိုးကိုကိုတင့်ဆန်းသည် ယခင် အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သည်။ ၎င်းသည် လက်ရှိ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် နေပြည်တော်ဘောလုံးအသင်း၏ ပိုင်ရှင်ဖြစ်သည်။ ဦးရဲမင်းဆွေနှင့် ဦး ဇော်ဝင်းထိုက်တို့သည် မြားပစ် လက်ရွေးစင်ဟောင်းများဖြစ်သ လို ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ နုတ် ထွက်ခွင့်လျှောက်ထားခဲ့ပြီး စက် တင်ဘာ ၁၄ ရက်တွင်မှ တရား ဝင်နုတ်ထွက်ခွင့် ရရှ...

မုံရွာမြို့တွင် အုပ်စုဖွဲ့ လူငယ်တစ်စုက ညအချိန် လမ်းပေါ်ထွက်၍ လူငယ်အချင်းချင်း အနိုင်ကျင့် ရမ်းကားမှုများ ဖြစ်ပေါ် ..

Image
ကိုတိုးကြီး မုံရွာ၊ အောက်တိုဘာ ၁၅ လူငယ် ခုနှစ်ယောက်မှ ရှစ်ယောက်ခန့်အထိ ပါဝင်သည်ဟု ဆိုသော အုပ်စုဖွဲ့ လူငယ်တစ်စုသည် ညအချိန် ၁၀ နာရီနောက်ပိုင်း ကာလတွင် မုံရွာမြို့၏ လမ်းများပေါ်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်သွားလာလျက်ရှိပြီး အခြားလူငယ်များအပေါ် အနိုင်ကျင့် ရမ်းကားမှုများပြုလုပ်လာလျက်ရှိကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိသည်။ ယခုလ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က မုံရွာမြို့ ဆူလေကုန်းရပ်ကွက်နှင့် အလယ်ရပ်ကွက်အကြား ကျောက္ကာလမ်း၊ ဂန္ဓာရီဆေးဆိုင်းအနီး နေရာတွင် အုပ်စုဖွဲ့ ဆိုင်ကယ်စီး လူငယ်တစ်စုက ဆိုင်ကယ်စီးနင်းလာသည့် လူငယ်တစ်ဦးအား လိုက်လံ၍ ရန်စ ရမ်းကားခဲ့သည်။ ထို့ကြောင့် အုပ်စုဖွဲ့ လူငယ်တစ်စု၏ ရန်စခြင်းခံရသော လူငယ်တစ်ဦးသည် ဆိုင်ကယ်အား ယူဆောင်စီးနင်းနိုင်ခြင်းမရှိတော့ဘဲ အဆိုပါ နေရာတွင် ၎င်း၏ ဆိုင်ကယ်ကိုထားခဲ့၍ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့သည်။ ထိုအချိန်တွင် အုပ်စုဖွဲ့ လူငယ်တစ်စုက ယင်းဆိုင်ကယ်အား ရိုက်နှက်ဖျက်စီးခဲ့ကြောင်း အင်တာနက် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် သတင်းများ ဖြစ်ပေါ်ပျန့်နှံ့လျက်ရှိသည်။ ထို့အပြင် ယခုလ ၁၂ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က မုံရွာမြို့ မြ၀တီရပ်ကွက် အောင်သပြေလမ်းတွင် လူငယ်နှစ...

အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေရသည့် တိုင်းရင်းသား ၈၀ ကျော် နေရပ်ပြန်

Image
အစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်နေတဲ့ ဒေသခံတိုင်းရင်းသား ၈၀ ကျော်ဟာ နယ်မြေတည်ငြိမ်အေးချမ်းလို့ နေရပ် ပြန်လည်ပြောင်းရွှေ့ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံတိုင်းရင်းသားတွေထဲက ဘူးသီးတောင်မြို့ရှိ ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း၊ ဝေနေယျသုခ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မမဏ္ဍိုင် ဘုန်းတော်ကြီး ကျောင်းတို့မှာ ခိုလှုံနေသူအချို့ရဲ့ ဆန္ဒအရ နေရပ်ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ မောင်တောမြို့နယ်၊ မြဝတီ ကျေးရွာ၊ သင်္ဘောလှ ကျေးရွာနဲ့ တမန်းသား ကျေးရွာတို့မှ ဒေသခံ တိုင်းရင်းသား အိမ်ထောင်စု ၂၆ စုမှ လူဦးရေ ၈၅ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ် နှစ်စီးနဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။ နေရပ်ပြန်လိုကြတဲ့ ကျန်ရှိ ဒေသခံ တိုင်းရင်းသားတွေကိုလည်း နေရပ်အသီးသီး ပြန်လည် ပြောင်းရွှေ့နိုင်ရေး ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ DVB TV News http://burmese.dvb.no/archives/233643

ရခိုင်ပြည်နယ်တိုးတက်ရေး စီမံကိန်း ယနေ့ စတင်

Image
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ် တိုးတက်ရေး စီမံကိန်း ဒီနေ့ စတင်မယ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။ ဒီစီမံကိန်းကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်ဖို့ ဖြစ်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ Arria Formula အစည်းအဝေးမှာ သူက ပြောကြားလိုက်တာပါ။ ဒါဟာ အစိုးရအနေနဲ့ ချက်ချင်း ဆောင်ရွက်သွားမယ့် အဓိက လုပ်ငန်း သုံးခုဖြစ်ပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေး၊ တိမ်းရှောင်နေတဲ့ အသိုက်အဝန်းတွေ အားလုံးအတွက် ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်တယ်လို့လည်း ဦးသောင်းထွန်းက ပြောပါတယ်။ ဒီစီမံကိန်းအရ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမိတ်ဖက်တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အစိုးရ မဟုတ်တဲ...

စူပါမင်းပုံစံ ပုပ်ရဟန်းမင်းကြီး၏ ရုပ်ပုံပါ တီရှပ်များ ရောင်း၍ ဆင်းရဲသားများအား ကူညီမည်

Image
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား Super-pope အဖြစ် အသွင်ပြောင်းခဲ့သည့် လမ်းပေါ် အနုပညာတစ်ခုအား ယခုအခါ တီရှပ်များတွင် စူပါမင်းကဲ့သို့ ပျံသန်းနေသော ပုပ်ရဟန်းမင်းကြီး၏ ရုပ်ပုံအဖြစ် ပြောင်းလဲရိုက်နှိပ်ခဲ့ကြပြီး ယင်းတီရှပ်များ ရောင်းချရမှုများမှတစ်ဆင့် ဗာတီကန် ပရဟိတအဖွဲ့များထံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ယင်းအနုပညာကို ဖန်တီးခဲ့သူ MauPal က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အမည်ရင်း Mauro Pallotta ဟု ခေါ်တွင်သည့် graffiti ရေးဆွဲသူ MauPal သည် ၂၀၁၄ ခုနှစ်တွင် ဂျေရုစလင်ရှိ နံရံတစ်ခု၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား စူပါမင်း တစ်ဦးအဖြစ် ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းပုံတွင် ဖရန်စစ်သည် ၎င်း၏ ယာဘက်လက်သီးဆုပ်ကာ ဆန့်တန်းလျက်၊ အဖြူရောင် ၀တ်စုံက ၎င်း၏ နောက်တွင် လွင့်မျောလျက် လေပေါ်ပျံဝဲနေသည့် ပုံစံဖော်ထားခြင်း ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ အမှတ်သင်္ကေတ အမည်းရောင် လက်ဆွဲအိတ် တစ်ခုကို ၀ဲဘက်လက်ဖြင့် ဆုပ်ကိုင်ထားသည့် ဟန်လည်း ပါဝင်ခဲ့သည်။ ယင်းရုပ်ပုံသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ရောမ၌ ထွက်ပေါ်လာခဲ့ရာ ခရီးသွားများနှင့် ဒေသခံများ၏ စိတ်ကူးများနှင့် ထပ်တူကျခဲ့သည်။ နောက်ထပ် နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် MauPal က ပုပ်ရဟန်းမင...

ATM ငွေထုတ်စက်ထဲမှ ငွေ၇၅သိန်းကို ဘဏ်ဝန်ထမ်း ၁ဦးကခိုးထုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု နေပြည်တော်တွင်ဖြစ်ပွား

Image
နေပြည်တော်၊အောက်တိုဘာ၁၄ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာ(၂) ဧည့်ကြို ကောင်တာရုံးခန်းအတွင်း ထားရှိသည့် ATM ငွေထုတ်စက်(၁)လုံးအတွင်းမှ ငွေ ၇၅သိန်း ကို CB ဘဏ်ကြီးကြပ်ရေးမှုးတစ်ဦးက ခိုးထုတ်ခဲ့၍ အရေးယူပေးပါရန် ယင်းဘဏ်တာဝန်ရှိသူက ရဲစခန်းသို့ ယမန်နေ့ကတိုင်ကြားထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဥတ္တရသီရိတွင်ဖွင့်လှစ်ထားသည့်  CBဘဏ်ခွဲ မှ ဘဏ်ခွဲတာဝန်ခံသည် ထိုစက်အတွင်းသို့ ငွေကျပ်(၃၀၀)သိန်းအား ဖြည့်သွင်းထားရှိခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့ ၁၆၀၀ အချိန် စည်ပင်ဧည့်ရိပ်သာ(၂)တွင် ထားရှိသော ATM ငွေထုတ်စက်မှ ငွေမလျော့သဖြင့် မသင်္ကာ၍ စစ်ဆေးခဲ့ကြောင်း၊Customer များ ငွေထုတ်ယူသည့်စာရင်းမှာ ငွေ ၆,၂၈၀,၀၀၀ ကျပ်ဖြစ်ပြီး လက်ကျန်ငွေမှာ ၁၆,၂၂၀,၀၀၀ ကျပ်ဖြစ်၍ ငွေကျပ် ၇,၅၀၀,၀၀၀ ကျပ်ကွာဟနေသဖြင့် CCTV အားကြည့်ရှုစစ်ဆေးခဲ့ရာ အောက်တိုဘာလ ၁၀ ရက်နေ့ ၁၁၀၀ အချိန် ၎င်းတို့ဘဏ်မှ ကြီးကြပ်ရေးမှူး ဦးနေဝင်းအောင်(၃၃)နှစ်၊ (ဘ)ဦးမြင့်အောင်၊ ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူမှ စက်ထဲရှိငွေများအား ထုတ်ယူ သွားသည်ကို တွေ့ရှိရသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့ ၂၃၄၀ အချိန် နေဝင်းအောင် (ဖမ်းမမိ) အား အမှတ်-၁မြို့မရဲစခန်း(ပ)၃၃...

ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ခရမ်းရောင် ဟင်းသီးဟင်းရွက် (၅) မျိုး

Image
အပြင်ပန်း ခရမ်းရောင်အဆင်းရှိပေမယ့် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိပါသေးတယ်။ အသီးအနှံတွေ၊ သစ်သီးဝလံတွေရဲ့ အရောင်က သူ့မှာပါဝင်တဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ်နဲ့ တခြားအရာဝတ္ထုတွေကို ဖော်ပြနိုင်စွမ်းရှိတယ်ဆိုတာကိုတော့ အားလုံးသိထားကြပြီး ဖြစ်မှာပါ။ အာဟာရဗေဒပညာရှင်တွေကလည်း လူတိုင်းကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဆိုရင် အရောင်မခွဲခြားဘဲ စားသုံးဖို့ တိုက်တွန်းတတ်တာကိုလည်း သိကြမှာပါ။ အဲဒီထဲမှာ ခရမ်းရောင်ဟင်းသီးဟင်းရွက်တွေလည်း အပါအဝင်ပါပဲ။ အသီးအနှံတွေနဲ့ ပတ်သက်ရင်တော့ ခရမ်းရောင်ဟာ ပုပ်အဲ့အဲ့နိုင်တဲ့ အရောင်တစ်မျိုးအဖြစ် သတ်မှတ်ခံရပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေ ပုပ်သိုးသွားရင်လည်း ခရမ်းရောင် (သို့) အမဲရောင် သမ်းလာတတ်ပါတယ်။ ဒါပေမယ့် အပြင်ပန်း ခရမ်းရောင်အဆင်းရှိပေမယ့် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိပါသေးတယ်။  အဲဒါတွေကတော့... ၁။ ခရမ်းသီး ခရမ်းသီးဟာ ဗိုက်တာမင် ဘီစစ်၊ စီ၊ ကေ တို့လို ဗိုက်တာမင်ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးဖြစ်သလို မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ သီယာမိုင်းတို့လို သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။ အဲဒ...

ဆင်းရဲမွဲတေမှုနှင့် အခြေခံလူ့အခွင့်အရေး

Image
ကမ္ဘာ့ဒီမိုကရေစီ အင်စတီကျူးရှင်းများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆင်းရဲမွဲတေမှုသည် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဆင်းရဲမွဲတေလျက် နေထိုင်နေကြရသည့် ကမ္ဘာတစ်လွှားမှ လူသန်းပေါင်းများစွာတို့သည် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများဖြစ်သည်။ ကင်ညာနှင့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများတွင် မိသားစုထောင်ပေါင်းများစွာသည် ဆင်းရဲမွဲတေလျက်ရှိသော အခြေအနေရပ်များ၌ နေထိုင်ရန် အတင်းအကျပ်ပြုခံရပြီး သက်ဆိုင်ရာအာဏာပိုင်များက ၎င်းတို့နှင့်ညှိနှိုင်းခြင်းမပြုဘဲ နေထိုင်ရာနေရာမှ ချက်ချင်းဖယ်ရှားခံရမည့် ခြိမ်းခြောက်မှုနှင့် အဆက်မပြတ် ရင်ဆိုင်နေရသည်။ အစ္စရေးက ကာဖျူးမိန့်များထုတ်ပြန်ခြင်းနှင့် လမ်းများကို ပိတ်ဆို့ထားခြင်းတို့ကြောင့် ပါလက်စတိုင်းကလေးများ ကျောင်းမသွားရသည့် အနေအထားမျိုးနှင့်လည်း ရင်ဆိုင်ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အတင်းအဓမ္မ အိမ်ထောင်ချထားခြင်းခံရပြီး မိခင်တစ်ဦးအား စောင့်ရှောက်မှု အခြေခံစံနှုန်းများ ပေးမထားသည့် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများစွာတို့ ကလေးမွေးဖွားစဉ် သေဆုံးကြရသည်။ ၎င်းတို့အားလုံးသည် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများဖြစ်သည်။ ဆင်းရဲမွဲတေလျက် နေထိုင်နေရခြင်းသ...

မိဘ​တွေ​မရှိတုန်း ဖားပြုတ်​ကို လက်​သုတ်​စားတာတဲ့​ဗျာ ​၄ ​ယောက်​မှာ ၁ ယောက်​​သေတယ်​ ၃ ယောက်​​ဆေးရုံကိုအ​ရေး​ပေါ်ပို့

Image
သေသွားတဲ့ကလေးက KGတန်းတဲ့ တုံးမဝ​ကျေးရွာ​နေ က​လေး​လေး​ယောက်​ မိဘ​တွေ​တောင်​ယာသွား​နေတုန်း ဖားပြုတ်​ကြီးတစ်​​ကောင်​ရဲ့ဥများကိုလက်​သုတ်​သုတ်​စားကြရာ အစာအဆိပ်​သင့်​ပြီး သတိ​မေ့သူ​မေ့ဖြစ်​ကာ ပလက်​ဝမြို့​ဆေးရုံသို့ က​လေးနှစ်​​ယောက်​ကို​ ​ရေလမ်းဖြင့်​အ​ရေး​ပေါ်ပို့ခဲ့ပါတယ်​ ပို့သူနှစ်​​ယောက်​အနက်​ KGတန်းတစ်​​ယောက်​မှာ ​လမ်းတွင်​ပင်​​သေဆုံးသွား၍ လမ်းတွင်​ပင်​ထားခဲ့ရသည်​ဟု့သိရပါသည်​။ ရွာတွင်​ကျန်​ခဲ့​သော နှစ်​​ယောက်​မှာလဲ သတိလစ်​​နေ​သောအ​ရေး​ပေါ်လူနာဖြစ်​ပါ​သော်​လဲ ​​မိဘမပါလျှင်​ က​လေးကိုဘယ်​သူမှ​ခေါ်ယူခွင့်​မရှိဟူ​သော ဒေသတွင်းရိုးရာဓလေ့ထုံးတန်းအရ မည်​သူမှမ​​ခေါ်​ဆောင်​၊​ဆေးရုံသို့မပို့ရဲပဲ ​တောထဲထင်းရှာသွားတဲ့မိဘများကိုပဲ ဆက်​သွယ်​အ​ကြောင်းကြားနိုင်​ရန်​ ကြိုးစားရှာ​​နေကြ​ကြောင်းသိရပါတယ်​။ အဆိုပါဖြစ်​စဉ်မှာ ​အောက်​တိုဘာလ ၁၄ ရက်​ ​နေ့လည်​ ၁၂နာရီခန့်​ကဖြစ်​ပြီး ​ယခု​နောက်​ဆုံသတင်းအရ ​လေး​ယောက်​တွင်​ တစ်​​ယောက်​​သေဆုံးပြီး သုံး​ယောက်​အား​ဆေးရုံသို့အ​ရေး​ပေါ်ပို့​နေပြီး ယခုအချိန်​ထိ တစ်​​ယောက်​သာ ပလက်​ဝ​ဆေးရုံသို့ပို​ရောက်​ရှိနိုင်​ပါ​သေးတယ်​။ လိုင်​လိုင်း Aung Moe Myint@PK Shwe Sin May My...

ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပွဲ ကျောက်ဆည်တွင် ယနေ့ပြုလုပ်မည်

Image
ကျောက်ဆည်မြို့၌ ယနေ့ (အောက်တိုဘာလ ၁၅ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဘက်ပေါင်းစုံ ဖိအားပေး ထိုးနှက်နေရာ ယင်းသို့ တစ်ဖက်သတ် ဖိအားပေးမှုများ ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖြစ်မှန် သိရှိစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ယင်းသို့ ကြိုးစားဆောင်ရွက်နေမှုများကို အားပေးထောက်ခံသည့်အနေနှင့် ကျောက်ဆည်မြို့ခံပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိကြောင်း၊ လက်ရှိ ဆောင်ရွက်နေမှုများကို အားပေးထောက်ခံသည့်အနေနှင့် လူထုချီတက်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများအနက် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းထောက်ခံချီတက်ပွဲကို ကျောက်ဆည်မြို့ဝင်စုရပ်မှ ရန်ကုန်-မန္တလေးကား လမ်းအတိုင်း ထွက်ခွာ၍ ဆင်ပြိုင်ကွင်းအတွင်း ဝင်ရောက်ကာ ပန်းရဲ့လမ်းအဖွဲ့၊ ကျောက်ဆည်ဆင်အဖွဲ့များ၊ စိန်ဒူးဝါးဆိုင်းအဖွဲ့နှင့် ကဗျာဆရာ ထွဏ်းသွေးအိမ်တို့က ဖျော်ဖြေမှုများ တင်ဆက်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောဆိုသည်။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူရှိေ...

မကွေးတွင် အချုပ်ခန်းဖောက်ထွက်ပြေးသည့် အချုပ်သားသုံးဦး ပြန်ဖမ်းမိ

Image
မကွေးမြို့မရဲစခန်း အချုပ်ခန်းကို ဖောက်ပြေးသူ အချုပ်သား ခြောက်ဦးအနက်မှ သုံးဦးကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြန်လည် ဖမ်းဆီးရမိထားပြီး ကျန်သုံးဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း မကွေးမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ရဲစခန်းအချုပ်မှ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်တွင် အချုပ်ဖောက်ထွက်ပြေးမှုဖြစ်အပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားများကို ပြန်လည် ဖမ်းဆီးရမိရန် အပူတပြင်း ဆောင်ရွက်နေကာ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ဖြင့် ဖြန့်ကြက်ရှာဖွေနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သူ မကွေးခရိုင် ဒ/နမှ တပ်ကြပ်ထွန်းထွန်းလတ်က ပြောကြားသည်။ ယင်းဖြစ်စဉ်တွင် အချုပ်သားတစ်ဦးကို အခင်းဖြစ်ပွားပြီး ၂၄ နာရီအတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ဒုတိယတစ်ဦးကို ကွမ်းအုံကျေးရွာနှင့် တောင်တွင်း မိကျောင်းကား လမ်းဆုံ မိုင်တိုင်အမှတ် (၆) အနီး၌ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကာ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်တွင် တစ်ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မကွေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မကွေးမြို့မ ရဲစခန်းရှိ အချုပ်ခန်း အမှတ် (၆)မှ စွဲဆိုပုဒ်မ ကိုယ်စီဖြင့်အမှု ရင်ဆိုင်နေရသူ ခြောက်ဦးတို့သည် အောက်တိ...

NCA ၂ နှစ်ပြည့် အခမ်းအနားသို့ သမ္မတ(ဟောင်း) ဦးသိန်းစိန် တက်ရောက်ရန် မရှိဟုဆို

Image
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် အခမ်းအနား အောက်တိုဘာလ ၁၅ ရက်၌ ကျင်းပမည်ဖြစ်ရာ ယင်းသို့တက်ရောက်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်သွားရန် မရှိကြောင်း ၎င်းနှင့်နီးစပ်သူအချို့ထံမှ စုံစမ်းသိရှိရသည်။ သမ္မတ(ဟောင်း)ဦးသိန်းစိန် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိသော်လည်း ဒုသမ္မတ (ဟောင်း) နှစ်ဦး တက်ရောက်သွားမည်ဖြစ်သည်။ “ဘဘကြီးက မေးလိုက်တော့ NCA နှစ်နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်သွားဖို့ မရှိပါဘူးလို့ ပြန်ဖြေတယ်”ဟု ရွှေပြည်တော် ဆုံမှတ် ပရဟိတအဖွဲ့အတွင်းရေးမှူး ဦးအောင်ပိုင်မင်းက The Voice  သတင်းစာသို့ အတည်ပြု ပြောဆိုခဲ့သည်။ NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတော်သမ္မတ (ဟောင်း)အပါအဝင် ဒုသမ္မတ (ဟောင်း)များ၊ ယခင်ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ကြသူများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် (ဟောင်း) များ တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၃ ရက်နေ့၌ ဖိတ်ကြားခဲ့သည်။ ထိုကဲ့သို့ နိုင်ငံတော် သမ္မတရုံး၏ ဖိတ်ကြားမှုသည် အခမ်းအနား ကျင်းပသည့်ရက်န...

မြစ်ကြီးနားတွင်​ တရား​ခွေကို အသံအကျယ်​ကြီးဖွင့်ပြီး လူသတ်​မှု ဖြစ်ပွား

Image
October 14, 2017 အေးစေတီရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုအား ကျူးလွန်သူသည် အသတ်ခံရသူ နှစ်ဦးနှင့် အလွန်ရင်းနှီးသူများသာ ဖြစ်နိုင်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။ “သတ်တဲ့သူက တယောက်ထဲ မဖြစ်နိုင်ဘူး။ အခုလို သေသေချာချာ အကွက်ချပြီး လုပ်ခဲ့တာဆိုတော့ အကြောင်းသိ ဓါတ်သိတွေထဲက တော်တော်ကို ရင်းနှီးတဲ့သူတွေထဲက ဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသော အသတ်ခံရသူ ၂ ဦးနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။ ထိုလူသတ်မှုသည် ယနေ့ ညနေ က မြစ်ကြီးနားမြို့ရှိ အေးစေတီရပ်ကွက် နယ်မြေ ၄ တောင်သူကြီးလမ်း အမှတ် ၄၁၄ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ကျမတို့ တွေ့တဲ့အချိန်မှာ အလောင်းက အရမ်းကို တောင့်တင်းနေပြီဆိုတော့ ကြည့်ရတာ မနက်ပိုင်းလောက်မှာကတည်းက အသတ်ခံခဲ့ရတာ ဖြစ်နိုင်တယ်”ဟု အလောင်းများအား တွေ့ရှိခဲ့သည့် အမျိုးသမီးက ပြောသည်။ လူသတ်မှုကြောင့် သေဆုံးခဲ့ရသူ ၂ ဦးသည် အသက် ၇၅ နှစ်အရွယ် ဒေါ်ခင်မြင့် ဆိုသူနှင့် အသက် ၅၁ အရွယ် ဒေါ်ခင်စန်းရီတို့ ဖြစ်ကြောင်း သိရသည်။ သေဆုံးသူများအား စစ်ဆေးရာ၌ ဒေါ်ခင်မြင့်တွင် ဓါးဒဏ်ရာ ၁၂ ချက် နှင့် ဒေါ်ခင်စန်းရီတွင်မူ ကျော၌ ဓါးဒဏ်ရာ ၆ ချက်နှင့် ရင်ဘတ်၌ ဓါးဒဏ်ရာ ၂ ချက် ထိုးသွင်းခံထားရသည...

၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ မိန်းမကိုယ်ကို ထီးရိုးဦးချွန်ဖြင့် ထိုးသတ်ခံရ

Image
EPN မြစ်ကြီးနား၊ အောက်တိုဘာ ၁၄ ၁၄နှစ်အရွယ် အမျိုးသမီး၏ မိန်းမကိုယ်ကို အနီရောင်ထီးရိုးဦးချွန်ဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း တာလောကြီးနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။ မြစ်ကြီးနားမြို့နယ်  ဟိုကပ်ကျေးရွာအုပ်စု တာပဒေါင်းကျေးရွာ ဒေါ်သန်းနွဲ့၏သမီး မဖြုဖြုအေးသည် အောက်တိုဘာ ၁၂ရက်နေ့ ညနေ၃နာရီ ကျော်တွင် ၎င်း၏အမေမှ တစ်ရပ်ကွက်တည်းနေ ဦးဖော်တာဖုန်နန်၏ နေအိမ်သို့ ပလိုင်းနှင့်ငွေ ၁၅၀၀သွားပို့ခိုင်းရာ ညနေ၆နာရီ အချိန်ထိ အိမ်သို့ပြန်ရောက်မလာသောကြောင့် ဦးဖော်တာဖုန်နန်၏ အိမ်သို့သွားမေးရာ ပစ္စည်း ပို့ပြီး၍ ပြန်သွားပြီဖြစ်ကြောင်း ၎င်းမှပြောခဲ့သဖြင့် ရွာအတွင်းလိုက်လံရှာဖွေရာ မတွေ့ရှိဘဲ ၁၃ရက်နေ့ညနေ၄နာရီ ကျော်တွင် တစ်ရွာတည်းနေ မောင်ဂျုနီယာ(၁၄)နှစ်မှ လူနေထိုင်ခြင်းမရှိသော ရွာထဲရှိ ဦးထီမရမ်း နေအိမ်ခြံဝန်း အရှေ့ဘက် ချုံပုတ်အတွင်း ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ “စစ်ဆေးဆဲ တရားခံတော့ အခုထိ မရှိသေးပါဘူး မုဒိမ်းမှုမြောက်မမြောက် ဓာတုပို့ထားပြီးပါပြီ စစ်ဆေးနေဆဲပဲ ဆေးစာရမှပဲ သိနိုင်မယ် ခေါက်ထီးတွေက လက်ကိုင်အကောက်မပါဘူးလေ အခုအခင်းဖြစ်တဲ့နေရာက ထီးက လက်ကိုင်အကောက်ပါတယ် ထီးအရှည်ပေါ့”ဟု တာလေ...

MS -13 ဂိုဏ်းခေါင်းဆောင် ဘလန်ကို ဂွာတီမာလာမှာ ဖမ်းမိ

Image
နိုင်ငံတကာမှာ နာမယ်ကြီးတဲ့ ကယ်လီးဖိုးနီးယားအခြေစိုက် ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်တဲ့ MS-13 (နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မာရာလို့ခေါ်တဲ့ ) ရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဘလန်ကို ကို ဖမ်းမိထားပြီလို့ ဂွာတီမာလာ မှာရှိတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို မြို့တော်ရဲ့ အနောက်ဘက် ၅၀ကီလိုမီတာ အကွာမှာရှိတဲ့ ချင်မယ်တီနန်ဂိုမြို့မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ သူ့ကို ပြီးခဲ့တဲ့ နှစ်လက ဆေးရုံတစ်ခုကို သေနတ်ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကအလိုရှိနေတာပါ။ MS-13 လို့ လူသိများတဲ့ ဒီဂိုဏ်းဟာ နိုင်ငံတကာမှာပါ လှုပ်ရှားမှုတွေရှိနေပြီး ဒီနှစ်အတွင်း နယူးယောက်မြို့မှာ ဖြစ်ခဲ့တဲ့ မိန်းကလေးနှစ်ဦး ဓါးနဲ့ခုတ်သတ်ခံရတဲ့အမှုဟာလည်း အဲ့ဒီဂိုဏ်းနဲ့ ဆက်စပ်နေပါတယ်။ ဒီဒုစရိုက်ဂိုဏ်းဟာ အလွန်အမင်းရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကျော်နေတဲ့ ဂိုဏ်းတခုဖြစ်ပြီး လော့အိန်ဂျလိစ်မှာ အခြေစိုက်ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့ အမေရိကန် အလယ်ပိုင်း တစ်ခုလုံးကို ဖြန့်ကျက် ကြီးစိုးနေတာပါ။ ဒုစရိုက်ဂိုဏ်းတွေ စုံစမ်းဖော်ထုတ်တာကို အဓိကလုပ်ဆောင်နေတဲ့ ဂိုဏ်းရေးရာကျွမ်းကျင်တဲ့ အက်ဖ်ဘီအိုင် အရာရှိတစ်ဦးကတော့ " သတ်မယ်၊ အဓမ္မကျင့်...

ဖရုံစေ့ တစ်နေ့ကို လက်တစ်ဆုပ်စာစားရင် ကင်ဆာနဲ့ တခြား ရောဂါတွေကို ကာကွယ်နိုင်

Image
ဖရုံစေ့မှာ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဖရုံစေ့တွေကု ဒီအတိုင်းဘဲ စားရင်ဖြစ်ဖြစ် လှော်ပြီးစားရင်ဖြစ်ဖြစ် စားသုံးလို့ရပါတယ်။ ကင်ဆာရောဂါကို ကာကွယ်နိုင် ဖရုံစေ့မှာ ဟော်မှုန်းတွေကို ထိန်းညှိနိုင်တဲ့ ဓာတ်တွေ၊ ကင်ဆာဆဲလ်တွေဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဖရုံစေ့မှာ ပါဝင်တဲ့ ဇန့်ဓာတ်တွေ၊ Antioxidants နဲ့ ဗီတာမင် E တို့က ဆဲလ်တွေပျက်စီးမှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။ သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေး ဖရုံစေ့တွေက သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ အရိုးပွမှုကို ကာကွယ်ပေး ဖရုံစေ့မှာ သတ္တုဓာတ်၊ ဇန့်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် အရိုးပွမှုကို ကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန်ကို လျော့ချပေး ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဗရုံစေ့ လက်တစ်ဆုပ်စာလောက်စားထားရင် ဗိုက်ပြည့်နေသလို ခံစားရမှာပါ။ MyFood Myanmar

စွံပလွန်သီး ၃လုံးကို နေ့တိုင်းစားရင်

Image
စွံပလွန်သီး ၃လုံးက ကျန်းမာရေးအတွက် အရမ်းအကျိုးကျေးဇူးရှိပါတယ်။ စွံပလွန်သီးက အခုမှ လူတွေစားသောက်ကြတာမဟုတ်ပါဘူး။ စွံပလွန်သီးကို ၇၀၀၀ ဘီစီလောက်က လူတွေ စတင်စားသုံးခဲ့တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ စွံပလွန်သီးကို အရှေ့အလယ်ပိုင်းမှာ အဓိက အစားအစာအဖြစ် လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက စားသုံးခဲ့ကြပါတယ်။ စွံပလွန်သီးမှာ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေနဲ့တခြား ကျန်းမာရးအတွက်ကောင်းတဲ့ Phytonutrients ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အဲ့ဒီအပြင် ကော့ပါး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆိယမ်၊ ဗီတာမင် B6 စတာတွေလည်းပါဝင်ပါတယ်။ စွံပလွန်သီးကို တစ်နေ့ကို ၃လုံး စားရင် စွံပလွန်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်တယ်လို့ ၂၀၀၃ ခုနှစ်က ပြုလုပ်ခဲ့ပြီး International Journal of Food, Sciences and Nutrition မှာ ရေးသားထားပါတယ်။ အဲ့ဒီသုတေသနရဲ့ရလဒ်အရ စွံပလွန်သီးမှာ အားကောင်းတဲ့ ကင်ဆာ ကာကွယ်နိုင်တဲ့ ဓာတ်တွေ၊ ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တွေ၊ သတ္တုဓာတ် အမျိုးပေါင်း ၁၅ မျိုးနဲ့တခြား အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ အဲ့ဒီအပြင် အမိုင်အက်ဆစ် အမျိုးပေါင်း ၂၃ မျိုးနဲ့ Unsaturated Fatty အက်ဆစ်ဓာတ်...

မနက်ခင်းတိုင်းမှာ နိုးကြားလန်းဆန်းနေသူတစ်ယောက် ဖြစ်စေဖို့ လိုက်နာလုပ်ဆောင်ရမယ့် အချက် (၆) ချက်

Image
မနက်တိုင်း သူများတွေလို လန်းလန်းဆန်းဆန်းနဲ့ လေ့ကျင့်ခန်းလေးလုပ်၊ မနက်စာလေး သေချာစားပြီးမှ အလုပ်သွားတာမျိုး လိုချင်ပေမယ့် ရုံးသွား၊ အလုပ်သွားခါနီးမှာ ၀ရုန်းသုန်းကား အိပ်ယာကခုန်ဆင်းပြီး ရေမိုးချိုး အ၀တ်အစားလဲ၊ အိမ်ကနေ ကောက်ထွက်ရတဲ့ အဖြစ်က ဘယ်လိုရုန်းထွက်ရမှန်း မသိသူတွေအတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။ အဆင့် (၁) နာရီ alarm ပေးပြီး ဒီအကျင့်ကို စွဲမြဲအောင် လုပ်ထားလိုက်ပါ။ မနက်ကို သုံးလေးကြိမ် snooze button နှိပ်ပြီး ၁၅မိနစ်တစ်ကြိမ် alarm ပေးသလို လုပ်တာမျိုးတော့ ရှောင်ပါ။ တစ်ခါမြည်တာနဲ့ တန်းပြီး နိုးအောင် ၀ီရိယအပြည့်ထားပါ။ ဒီအခြေအနေက ခက်ခဲပေမယ့် နောက်ပိုင်း အကျိုးကျေးဇူးများစွာ ခံစားရမယ်ဆိုတဲ့ စိတ်ထည့်ပြီး ထနိုင်အောင် ကြိုးစားပါ။ အဆင့် (၂) ညဘက် အိပ်ချိန်ကို တတ်နိုင်သမျှ များများပေးပါ။ လူတစ်ယောက်က ၈နာရီ အိပ်ရုံနဲ့ လုံလောက်တယ်ဆိုပြီး အချိန်အတိအကျအိပ်တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်ချိန်များလေ သင့်ခန္ဓာကိုယ်အတွက် ကောင်းလေပါပဲ။ ဒီတော့ အိပ်ရေး၀၀လေး အိပ်နိုင်ဖို့ အခန်းအတွင်း အပြင်အဆင်လေးတွေ သေချာလုပ်ပါ။ ရှုပ်ပွနေတယ်ဆိုရင် အခန်းကို တတ်နိုင်သလောက် ရှင်းလင်းထားပါ။ အဆင့် (၃) မနက်နိုးတာနဲ့ ...

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

Image
ကိုယ်တွေ့ဖြစ်ရပ်ပါ ကျွန်တော်ဖခင်ရှိစဉ်ကအဖေ့လက်ကိုဓါးပြတ်ရာအိမ် ဘေးမှာပေါက်နေတဲ့အပင်ကအရွက်ကိုခူးပြီးချေမွ၍ ဒဏ်ရာကိုအုံလိုက်ပြီးပတ်တီးစီးထားပါသည်ကျွန်တော် ကအထင်သေးသောအကြည့်ဖြင့်အဖေကလည်းမြို့ပေါ် နေပြီးဆေးဆိုင်တွေရှိသားနဲ့ဗျာလို့ပြောမိခဲ့ပါသည်။             နှစ်ရက်ကြာလောက်မှာအဖေကသူ့ဒါဏ်ရာပြည် မတည်ဘဲခြောက်သွေ့နေသည့်အနေအထားကိုပြပါသည် ထိုစဉ်ကတိုက်ဆိုင်မှုလို့ယူဆပြီးအထင်မကြီးခဲ့ပါ။     တစ်နှစ်ခန့်အကြာကျနော်ဗီဒီရုံမှာမီးပြတ်သွား၍မီးစက် မောင်းရန်အရေးတကြီးသွားရာခလုတ်တိုက်၍ခြေမကွဲပြီး သွေများထွက်ရာညကြီးအချိန်မဲ့ဖြစ်၍ဆေးဆိုင်သွားဝယ်ရန် အခြေအနေမပေး,ကြံရာမရဖြစ်ကာမရှိသုံးသုံးသည့်သဘော  နှင့်အဖေသုံးခဲ့သည့်အပင်ကအရွက်ကိုချေမွကာဒါဏ်ရာ ပေါ်အုံခဲ့ပါသည်အံ့သြလောက်အောင်အနာပျောက်သွား ပါသည်။     အခုပို၍အံ့သြစရာကောင်းတာကကျနော်တူဗိုက်ခွဲရာ ဆေးရုံကဆင်းလာပြီးအိမ်ရောက်လို့နှစ်ရက်ခန့်တွင်ချုပ် ရိုးတွင်ပြည်လိုက်သောကြောင့်ဆေးရုံသို့ပြန်ပို့ရာဆေး ရုံရောက်လျှင်ရောက်ခြင်းချုပ်ရိုးများဖွင့်ပြစ်ရပါသည်ဆေး ရုံတွင်(၁၆)ရက်ပြန်တက်ရာအနာမကျက်နိုင်ဘဲရက်ကြာ မည်ဖြစ်ကြောင်းအိမ်ပြန်...

တာချီလိတ်မြို့တွင် အမည်မသိ ဆိုင်ကယ်စီးလာသူမှ ကားမောင်းနေသူအား သေနတ်ဖြင့်ပစ်ပြီးထွက်ပြေး

Image
ကားမောင်းနေသူ အမျိုးသားအား ဆိုင်ကယ်မောင်းသူ အမည်မသိသူတို့မှ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှု ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင် အချိန်က မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ လပ်ကီးတည်ခိုခန်းလမ်းပေါ်တွင် သေနတ်ပစ်ခတ်မှုြ့ဖစ်ပွားကြောင်း သတင်းရရှိ၍ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး အပါအ၀င် တာဝန်ရှိသူများက သွားရောက်၍ စစ်ဆေးမှုများ ပြုလုပ်ရာ Fortuner အမျိုးအစား မော်တော်ယာဉ်မှာ အဆိုပါ လမ်းရှိ ခေါက်ဆွဲဆိုင်ရှေ့ အုတ်နံရံအား တိုက်မိကာ ရပ်တန့်နေပြီး ယာဉ်ပေါ်တွင် ရှိနေသည့် ယာဉ်မောင်းသူ အမျိုးသားမှာ ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာဖြင့် သတိလစ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။ ယာဉ်ပေါ်တွင် ဒဏ်ရာရရှိထားသူမှာ အသက်(၃၅)နှစ်ဝန်းကျင်ရှိ ယိမ်းဖာ(ကျား) ဖြစ်ကြောင်း နှင့် ၎င်းသည် လားရှိုးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မြောင်စီးတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အပြင် ၎င်းသည် ၀ဲလက်ဖျံ ကျည်ဖောက်ဝင် ဒဏ်ရာ(၁)ချက်...