မိဘတွေမရှိတုန်း ဖားပြုတ်ကို လက်သုတ်စားတာတဲ့ဗျာ ၄ ယောက်မှာ ၁ ယောက်သေတယ် ၃ ယောက်ဆေးရုံကိုအရေးပေါ်ပို့
သေသွားတဲ့ကလေးက KGတန်းတဲ့
တုံးမဝကျေးရွာနေ ကလေးလေးယောက် မိဘတွေတောင်ယာသွားနေတုန်း ဖားပြုတ်ကြီးတစ်ကောင်ရဲ့ဥများကိုလက်သုတ်သုတ်စားကြရာ အစာအဆိပ်သင့်ပြီး သတိမေ့သူမေ့ဖြစ်ကာ ပလက်ဝမြို့ဆေးရုံသို့ ကလေးနှစ်ယောက်ကို ရေလမ်းဖြင့်အရေးပေါ်ပို့ခဲ့ပါတယ် ပို့သူနှစ်ယောက်အနက် KGတန်းတစ်ယောက်မှာ လမ်းတွင်ပင်သေဆုံးသွား၍ လမ်းတွင်ပင်ထားခဲ့ရသည်ဟု့သိရပါသည်။
ရွာတွင်ကျန်ခဲ့သော နှစ်ယောက်မှာလဲ သတိလစ်နေသောအရေးပေါ်လူနာဖြစ်ပါသော်လဲ မိဘမပါလျှင် ကလေးကိုဘယ်သူမှခေါ်ယူခွင့်မရှိဟူသော ဒေသတွင်းရိုးရာဓလေ့ထုံးတန်းအရ မည်သူမှမခေါ်ဆောင်၊ဆေးရုံသို့မပို့ရဲပဲ တောထဲထင်းရှာသွားတဲ့မိဘများကိုပဲ ဆက်သွယ်အကြောင်းကြားနိုင်ရန် ကြိုးစားရှာနေကြကြောင်းသိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ ၁၄ ရက် နေ့လည် ၁၂နာရီခန့်ကဖြစ်ပြီး ယခုနောက်ဆုံသတင်းအရ လေးယောက်တွင် တစ်ယောက်သေဆုံးပြီး သုံးယောက်အားဆေးရုံသို့အရေးပေါ်ပို့နေပြီး ယခုအချိန်ထိ တစ်ယောက်သာ ပလက်ဝဆေးရုံသို့ပိုရောက်ရှိနိုင်ပါသေးတယ်။
လိုင်လိုင်း
Aung Moe Myint@PK
Shwe Sin May
Myint Soe (မုံရွာ)
အောက်တိုဘာ ၁၅၊ ၂၀၁၇
Comments
Post a Comment