စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA



မြစ်ကြီးနား၊ မိုးကောင်း၊ တနိုင်း၊ ဖားကန့်
နယ်မြေတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း 
လုပ်ကိုင်နေသူတစ်ဦး၏ပြောပြချက် ဖြစ်ပါ
သည်-
ကျွန်တော့်ဇာတိက (--) မြို့ကပါ၊ စီးပွားရေး 
လုပ်ငန်းကတော့ ကုန်စည်ပို့ဆောင်ရေးပေါ့၊
ကျွန်တော့်မှာ ကုန်ကား (၁၂ ဘီးကား) နှစ်စီး
ရှိတယ်။ အများအားဖြင့် တွက်ခြေပိုကိုက်တဲ့ 
တနိုင်း၊ ဖားကန့်လမ်းကြောင်းဘက်ကို ကုန်ပို့
ဖြစ်တာ များတယ်။
ကချင်ပြည်နယ်ရဲ့ ထုံးစံအတိုင်းပေါ့ဗျာ။သွား 
လာလုပ်ကိုင်ရင် လိုင်းကြေး (ဆက်ကြေး) ပေး
ရတယ်။
ဒီဘက်က ဌာနဆိုင်ရာဘက်ကို ပေးရတာရှိ
သလို ဟိုတောထဲက KIA အဖွဲ့တွေကိုလည်း 
ပေးရတယ်။
မပေးလို့ မရဘူးလေဗျာ။ ဒီဘက်က အစိုးရ
ဝန်ထမ်းဆိုတာက အလွန်ဆုံး ဖမ်းဆီးတာ၊ 
အရေးယူတာလောက်ပဲ လုပ်တာလေ။
KIA ဆိုတာက တရားဥပဒေ ရှိတာမှ မဟုတ်
တာ။ သူတို့ပါးစပ်ထဲမှာပဲ ဥပဒေနဲ့ အာဏာက 
လိုသလို ဖြစ်နေတာ။ ကလန်ကဆန်သွားလုပ်
ရင် အသတ်ခံရမှာ။
ဆက်ဆံချင်လို့ ပေးချင်လို့တော့ ဘယ်ဟုတ်
မလဲဗျာ။ ဒီလိုပဲ ကိုယ့်တစ်ဝမ်းတစ်ခါးအတွက် 
ရှာဖွေစားသောက်ရတဲ့အခါ အဆင်ပြေအောင်
ပေးရတဲ့သဘောပါ။
ကျွန်တော်လည်း ဒီကုန်စည်ပို့တဲ့လုပ်ငန်းကို 
လုပ်ကိုင်ခဲ့တာ ဆယ်စုနှစ်ဝန်းကျင်ရှိပြီဆိုတော့
တောထဲကအဖွဲ့(KIA) တွေ အတော်များများနဲ့ 
သိပါတယ်။ မျက်မှန်းတန်းမိနေပြီလေ။
နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေအပြင် ဒီကြားထဲ
အောက်ကအဖွဲ့တွေက လမ်းပေါ်တက်ပြီး ကြုံ 
ရင် ကြုံသလို ဆက်ကြေးကောက်သေးတာဗျ။
တနိုင်းနယ်မြေမှာတော့ KIA ရင်း (၁၁) ပေါ့။
ဒီနှစ်ပိုင်း တပ်မတော်ဘက်ကလည်း ထိုးစစ်
ဆင်တာတွေ နည်းနည်းစိတ်လာတယ်လေ။
KIA တွေရဲ့ စခန်းတွေကို သိမ်းတာလည်း မ
နည်းဘူး။ အပြင်ပိုင်းက စခန်းတွေက ကုန်သ
လောက် ရှိနေပြီ။ သူတို့အတွင်းပိုင်းမှာတော့ 
စခန်းတွေ ရှိသေးတယ်လို့ ကြားတာပဲ။
ကျွန်တော်တော့ မရောက်ဖူးပါဘူး။ ကျွန်တော်
က ရှမ်းလူမျိုးဆိုတော့ သူတို့တွေက အမြဲမသ
င်္ကာဖြစ်နေတာလေ။
ကျွန်တော့် ဇနီးကတော့ ကချင်လူမျိုးမို့ သူ့ကို
တော့ တရင်းတနှီး ဆက်ဆံတယ်။
ကျွန်တော်နဲ့ကျွန်တော့်ဇနီးအတူတွေ့ရင်တောင်
သူတို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲစကားကို ပြော
တာဗျ။ စကားမကျွံအောင် ဖြစ်မှာပေါ့ဗျာ။
ပြီးခဲ့တဲ့ သြဂုတ်လက တနိုင်းဘက်ကိုကုန်သွား
ပို့တယ်။ အဲ့ဒီ့အခေါက် ငွေတောင်းဖို့ကိစ္စရှိတာ
နဲ့ ကျွန်တော့်ဇနီးပါ ကားနဲ့ အတူလိုက်ပါလာ
တယ်လေ။ နေရာတော့ မပြောတော့ဘူးဗျာ။
တောထဲကအဖွဲ့တွေ ကြားရင် အသတ်ခံနေရ
ဦးမယ်။
( ------ ) ရွာမှာ မှာထားတဲ့ ကုန်တွေ ချတယ်။
နောက်ဆုံးကုန်ကပိုင်ရှင်နှစ်ဦးပဲကျန်တော့တယ်။
အဲ့ဒီ့အချိန်မှာ ကုန်ပစ္စည်းပိုင်ရှင်အမျိုးသမီးတွေ
က ဆိုင်ကယ်နဲ့ ရောက်လာပြီး ဘယ်ကိုလိုက်ပို့
ပေးပါ၊ ကားခထပ်ပေးမယ်ဆိုပြီးတော့ပေါ့။ကျွန်
တော့်ဇနီးကလည်း ကျွန်တော့်ကို ကပ်ပြောတယ်။
လိုက်ပို့လိုက်တဲ့။
အဲ့ဒီ့အချိန်မှာမိန်းမစကားနားထောင်တာကောင်း
တယ်ဗျ။ သူတို့ ကချင်နယ်မြေလေ။ သဘောပေါက်
တယ်မလား?
အဲ့ဒါနဲ့ ကုန်ပစ္စည်းပိုင်ရှင်အမျိုးသမီးတွေက ရှေ့ 
က ဆိုင်ကယ်နဲ့ ကျွန်တော့်ကားကို ဦးဆောင်ပြီး
လမ်းပြခေါ်သွားတာပေါ့ဗျာ။
ဒီလိုနဲ့ ကားမောင်းသွားတော့ ရွာဆန်ဆန်နေရာ 
တစ်ခုကို ရောက်သွားရော။
ပြောချင်တာက ကျွန်တော်တို့ မြင်ဖူးနေကျ ရွာ
တွေပုံစံ မဟုတ်ဘူး။ တစ်စုတစ်စည်းတည်း ရှိ
နေတာကို ပြောတာ မဟုတ်ဘူးလေ။
အိမ်လေးငါးဆယ်လုံး တစ်စု၊ ခပ်လှမ်းလှမ်းမှာ 
တစ်စု၊ အဲ့ဒီလို ပြန့်ကျဲနေတာဗျ၊ မေးကြည့်တော့ 
စစ်ဘေးရှောင်တွေတဲ့။
စပါးစိုက်ကွက်တွေ ဥယျာဉ်ခြံတွေလည်း တွေ့
ခဲ့တယ်။ အိမ်တွေကတော့ ဆောက်လုပ်ထားတာ 
သိပ်မကြာသေးတဲ့ပုံဗျ။ ဒီနှစ်ပိုင်းလောက်မှာ 
ဆောက်ထားတဲ့ ပုံစံ။ ရွာပဲ ဆိုပါစို့ဗျ။
အိမ်တစ်လုံးအရှေ့မှာ ကားရပ်ပြီး ပါလာတဲ့ 
ကုန်ပစ္စည်းတွေချတော့ ဟိုအိမ် ဒီအိမ်က လူတ
ချို့ ထွက်လာကြတယ်။
တချို့က လာဝိုင်းသယ်တာ ရှိသလို တစ်ချို့က 
လာရပ်ကြည့်တာပေါ့။
အဲ့ဒီ့လူစုထဲမှာ ကျွန်တော် ဘာသွားမြင်လဲဆို
တော့ ကျွန်တော် နေတဲ့ ရပ်ကွက်ထဲကတို့ မြို့
ပေါ်က ကျွန်တော် မြင်ဖူး မျက်မှန်းတန်းမိတဲ့
ယောက်ျား/မိန်းမတစ်ချို့ကို မြင်လိုက်ရတယ်။
ကားသမားဆိုတော့ လူသိများတယ်လေဗျာ။
တစ်ယောက်စ နှစ်ယောက်စ ကျွန်တော့်ကို 
လာနှုတ်ဆက်ကြသေးတယ်။
ပြောရင် မကောင်းလို့။ အမျိုးသမီးတစ်ယောက်
ဆိုရင် ကျွန်တော် ကောင်းကောင်းသိတယ်။
အဲ့ဒီ့အမျိုးသမီးက ကျွန်တော့်ကို မြင်တော့ သူ့
အိမ်ထဲ ပြန်ဝင်သွားတယ်။
ကျွန်တော့်ကို သိလျက်သားနဲ့ မနှုတ်ဆက်ဘူး။
သူက ကျွန်တော်တို့ မြို့ပေါ်မှာ စတိုးဆိုင်ဖွင့်
ထားတယ်လေ။ သူ့ဆိုင်မှာတောင် ကျွန်တော် 
ကုန်ချဖူးသေးတယ်။ လေးငါးခါတော့ မနည်းဘူး။
အဲ့ဒီ့တော့ ကျွန်တော်လည်းစဉ်းစားတာပေါ့ဗျာ။
ဒီအမျိုးသမီးက မြို့ပေါ်မှာ စတိုးဆိုင် ဖွင့်ထား
လျက်သားနဲ့ ဒီတောထဲက စစ်ဘေးရှောင်ဆိုတဲ့ 
တဲစုတွေမှာ ဘာလို့ လာနေနေတာလဲလို့ပေါ့။
ကျွန်တော်လည်း ကုန်ပစ္စည်းတွေ ချပြီးတဲ့နောက်
အဲ့ဒီ့ရွာစုက ပြန်ထွက်လာခဲ့တယ်။
အပြန်လမ်းကျမှ ဇနီးသည်ကို မေးကြည့်တော့
အဲဒီ ရွာစုက စစ်ဘေးရှောင် အမည်ခံထားတဲ့ 
KIA စခန်းတဲ့လေ။
ခုနက တွေ့ခဲ့တဲ့မိန်းမက သူ့ယောက်ျားက KIA 
တဲ့။ ကျွန်တော်လည်းအံ့အားသင့်သွားတာပေါ့ဗျာ။
စခန်းလည်းပြောသေး ၊ ရွာပုံစံကြီးဆိုပြီး အထွန့်
တက်တော့ ကျွန်တော့်ဇနီးပြောပြတာက ဒီနှစ်ပိုင်း 
KIA တွေက စခန်းအတည်တကျ ဆောက်ထားရင်
တပ်က လာတိုက်လို့ မဆောက်တော့ဘဲ အခုလို 
စစ်ဘေးရှောင်လို ပုံစံမျိုးနဲ့ ရွာစုတွေ တည်ပြီး နေ
ကြတာရှိသလို ရှိပြီးသား ရွာတွေမှာလည်း ၀င်နေ
ထိုင်ကြတာ ရှိတယ်။
လိုအပ်မှ လူစုပြီး သူတို့အလုပ် သူတို့ လုပ်တဲ့ သ
ဘောပေါ့။
အဲ့ဒီ့ရွာစုတွေမှာ နေတဲ့လူအားလုံးက KIA တပ်ဖွဲ့
ဝင် ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူတို့ရဲ့ ပြည်သူ့စစ်
အဖွဲ့တွေ၊ ပြောရမယ်ဆိုရင် KIA နဲ့ ဆွေးမျိုးသား
ချင်း မကင်းရာ မကင်းကြောင်းတွေချည်းပဲတဲ့လေ။
သြော် … ကျွန်တော့် ဇနီး ကချင်မ က ထပ်ပြော
သေးတယ်။ “အရပ်ဝတ် ၀တ်ထားလို့ ရှင်က KIA 
မဟုတ်ဘူး ထင်နေတာလား?” တဲ့။
အဲ့ဒီ့တော့ ကချင်ပြည်နယ်မှာအသက်နဲ့ကိုယ် အိုး
စားမကွဲဘဲ စီးပွားရေး အေးဆေးလုပ်စားချင်ရင်
ကားမောင်းချင်ရင် မစပ်စုနဲ့၊ ခိုင်းရင်လုပ်၊ တောင်း
ရင်ပေးလိုက်၊ ဟုတ်ပြီလား၊ ဒီနယ်မြေမှာ ဒီလူတွေ
ချည်းပဲ ….. ။
ကိုစိုင်းခမ်းဇော် (အမည်လွှဲ)
Credit MYAMMARTHADIN.COM

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော