စူပါမင်းပုံစံ ပုပ်ရဟန်းမင်းကြီး၏ ရုပ်ပုံပါ တီရှပ်များ ရောင်း၍ ဆင်းရဲသားများအား ကူညီမည်



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား Super-pope အဖြစ် အသွင်ပြောင်းခဲ့သည့် လမ်းပေါ် အနုပညာတစ်ခုအား ယခုအခါ တီရှပ်များတွင် စူပါမင်းကဲ့သို့ ပျံသန်းနေသော ပုပ်ရဟန်းမင်းကြီး၏ ရုပ်ပုံအဖြစ် ပြောင်းလဲရိုက်နှိပ်ခဲ့ကြပြီး ယင်းတီရှပ်များ ရောင်းချရမှုများမှတစ်ဆင့် ဗာတီကန် ပရဟိတအဖွဲ့များထံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ယင်းအနုပညာကို ဖန်တီးခဲ့သူ MauPal က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အမည်ရင်း Mauro Pallotta ဟု ခေါ်တွင်သည့် graffiti ရေးဆွဲသူ MauPal သည် ၂၀၁၄ ခုနှစ်တွင် ဂျေရုစလင်ရှိ နံရံတစ်ခု၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား စူပါမင်း တစ်ဦးအဖြစ် ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းပုံတွင် ဖရန်စစ်သည် ၎င်း၏ ယာဘက်လက်သီးဆုပ်ကာ ဆန့်တန်းလျက်၊ အဖြူရောင် ၀တ်စုံက ၎င်း၏ နောက်တွင် လွင့်မျောလျက် လေပေါ်ပျံဝဲနေသည့် ပုံစံဖော်ထားခြင်း ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ အမှတ်သင်္ကေတ အမည်းရောင် လက်ဆွဲအိတ် တစ်ခုကို ၀ဲဘက်လက်ဖြင့် ဆုပ်ကိုင်ထားသည့် ဟန်လည်း ပါဝင်ခဲ့သည်။ ယင်းရုပ်ပုံသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ရောမ၌ ထွက်ပေါ်လာခဲ့ရာ ခရီးသွားများနှင့် ဒေသခံများ၏ စိတ်ကူးများနှင့် ထပ်တူကျခဲ့သည်။

နောက်ထပ် နှစ်နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် MauPal က ပုပ်ရဟန်းမင်းကြီး၏ ရုပ်ပုံအား ကျောင်းသားပုံစံ ရေးဆွဲခဲ့ပြီး ဆွစ်ဇာလန် စစ်သားများက စောင့်ကြည့်နေစဉ် နံရံပေါ်တွင် noughts and crossess (သုညနှင့် ကြက်ခြေသုံးခုတန်းအောင် တစ်လှည့်စီရေးချရသော ကစားနည်း) ကို ကစားနေသူအဖြစ် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်ပုံများအား Saint Peter အနီးရှိ Basilica တွင် ရေးဆွဲခဲ့ရာ မြို့တော်အလုပ်သမားများက ပြန်လည်တိုက်ချွတ် ဆေးသွားခဲ့ကြောင်း သိရသည်။ သို့သော် ယင်းပုံကြမ်းများသည် ရှိနေဆဲဖြစ်ပြီး တီရှပ်များတွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ယင်းပုံများအား ကနဦးတွင် လူတိုင်းက နှစ်သက်ခဲ့ခြင်း မရှိပေ။ ပုပ်ရဟန်းမင်းကြီးအား အလွန်အမင်း ထောက်ခံခဲ့ကြသူ အချို့က ဖရန်စစ်အား စူပါမင်း တစ်ဦးကဲ့သို့ ပုံဖော်ထားမှုကို ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။ သို့သော် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကပင် MauPal ၏ လက်ရာများအား ကောင်းချီးပေးခဲ့ကြောင်း သိရသည်။

ဇိမ်ခံပစ္စည်းများအား ဆန့်ကျင်သည့် သဘောထားရှိသော ပုပ်ရဟန်းမင်းကြီးထံ သစ်သားအပိုင်း တစ်ခုပေါ်၌ ရေးဆွဲထားသည့် ပန်းချီကားတစ်ခုကို ပေးခဲ့ကြောင်း၊ ဖရန်စစ်က မိမိအား ကြည့်ပြီး ပြုံးပြခဲ့ကြောင်း၊ ယင်းနောက် ဖရန်စစ်က ၎င်း၏လက်ဖြင့် မိမိ၏ပါးအား ထိလျက် ကောင်းချီးပေးခဲ့ကြောင်း MauPal က ပြောကြားခဲ့သည်။

Ref: AFP



Eleven Media Group

http://news-eleven.com/international/16492

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော