ကမ္ဘာ့နိုင်ငံအများစုက အဖြစ်အပျက်အမှန်ကို မသိဘဲ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများရှိနေဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား



ကမ္ဘာ့နိုင်ငံအများစုက မိမိတို့နိုင်ငံ၏ အဖြစ်အပျက် အမှန်များကိုမသိကြဘဲ မီဒီယာများ၏ စွပ်စွဲပြောဆိုမှုများ အပေါ် အခြေခံ၍ မြန်မာနိုင်ငံအပေါ် ဖိအားများ ပေးနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ အမှန်တရားကို လက်ခံရမည်သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် နှစ်ကာလ များစွာက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အပေါ်တွင် အခြေခံပြီး ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားနိုင်ဘဲ နိုင်ငံသားအဖြစ် လက်မခံနိုင် ကြောင်း၊ ယင်းကိုစိစစ်ရန်လုပ်ဆောင်ရာမှ ပြဿနာဖြစ်ပွား ရခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ဘင်္ဂလီ အကြမ်းဖက်အင်အား ၄၀၀၀ ခန့်က တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး စတင်တိုက်ခိုက် ခဲ့ခြင်း သာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အင်အားသုံး၍ တိုက်ခိုက် သတ်ဖြတ်မှု၊ အကြမ်းဖက် ဖိနှိပ်မှုများ ကျူးလွန်မှု မရှိကြောင်း၊ ဖြစ်ရပ်မှန် များကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း၊ မိမိတို့အနေဖြင့် အမှန်အတိုင်းသာ ရပ်တည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင် အထည် ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများအောင်မြင် စေရေး ၀ိုင်းဝန်းကူညီလုပ်ဆောင်နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Don Pramudwinai တို့ အောက်တိုဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းက နေပြည်တော်၊ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် ယင်းသို့ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
 
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံသည် ရှည်လျားစွာ နယ်နိမိတ် ထိစပ်နေသော်လည်း ကြီးမားသည့် ပြဿနာများ မရှိပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြား အကောင်းဆုံးသော ဆက်ဆံရေး ရှိသကဲ့သို့ နှစ်နိုင်ငံ နိုင်ငံခြား ရေး ၀န်ကြီးဌာနချင်းလည်း ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ အပြန်အလှန် ထောက်ခံ အားပေးမှုများလည်း ရှိပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအစိုးရ၏ ရပ်တည် လုပ်ဆောင်မှုများကို ထောက်ခံပါကြောင်း၊ ရခိုင်ဒေသအရေးနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်မှုများမှာ တိုးတက်မှုရှိသော်လည်း အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ယင်းအခြေအနေမျိုး ကြုံတွေ့ခဲ့ရ၍ ရှုပ်ထွေးမှုနှင့် အချိန်ယူဖြေရှင်းရန် လိုအပ်မှုကို သိရှိနားလည်ကြောင်း၊ ကာလတို၊ ကာလလတ်၊ ကာလရှည်ခွဲခြားပြီး ဘက်ပေါင်းစုံမှကြည့်၍ လုပ်ဆောင်ရမည့် အရေးဟု ရှုမြင်ကြောင်း ပြောကြားသည်။
 
အဆိုပါတွေ့ဆုံမှုတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
 


The Ladies News

http://www.theladiesnewsjournal.com/news/tue-2017-10-31-1132/7958

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

ငါးပိ၊ လက်ဖက်နှင့် ငရုတ်သီးမှုန့် ၈ မျိုး စားသုံးရမသင့် ကြေညာ

စွံပလွန်သီး ၃လုံးကို နေ့တိုင်းစားရင်