ခွေးဝမ်းသာအောင် လေလည်ပြနေတာလား
ရခိုင်အရေးကိစ္စမှာ အစိုးရသစ်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ဘင်္ဂါလီလူများစုအပေါ် ရပ်တည်မှုမရှိလို့ဆိုပြီး
အစ္စလာမ်နိုင်ငံတွေ၊ အနောက်နိုင်ငံတွေက ဖိအားတွေ
တောက်လျောက်ပေးခဲ့ပြီး အကျိုးလိုလို့ ညောင်ရေသွန်းခဲ့တဲ့
ဆုတံဆိပ်တွေကို ပြန်သိမ်းခဲ့တယ်..
အစိုးရသစ်ရဲ့မူဝါဒကလည်း အနောက်မျှော်ဝါဒကို ကျင့်သုံးခဲ့တာ
အားလုံးအသိပဲဖြစ်ပါတယ်.. အနောက်နိုင်ငံတွေ
အစ္စလာမ်နိုင်ငံတွေကလည်း မဲနိုင်အောင်၊ NLD
အစိုးရသစ်ဖွဲ့နိုင်အောင် အစစအရာရာ
ကူညီထောက်ပံ့ပေးခဲ့တာလည်း အားလုံးအသိပဲဖြစ်ပါတယ်..
ဒီတော့ ရခိုင်အရေးကိစ္စမှာ ဒ်ါအောင်ဆန်းစုကြည်အနေနဲ့
အနောက်နိုင်ငံတွေနဲ့အစ္စလာမ် နိုင်ငံတွေရဲ့
အမျက်ဒေါသတွေပြေအောင်၊ သူ့အပေါ်ပိနေတဲ့
ဖိအားတွေလျော့သွားအောင်
ဘာသာပေါင်းစုံဆုတောင်းပွဲဆိုပြီး ထလုပ်တော့တာပဲ..
ဘာလို့အဲ့လို ထလုပ်လဲဆိုတော့ မြန်မာနိုင်ငံမှာ
ဘာသာတွေအကုန်လုံး စည်းစည်းလုံးလုံးနေနေတယ်
ဆိုတာကို ပြချင်လို့ပဲဖြစ်ပါတယ်..
အဓိကကတော့ မွတ်ဆလင်တွေနဲ့ အတူတကွလက်တွဲပြီး
နေနေပါတယ်ဆိုတာကို ကမ္ဘာကို ချပြချင်လို့ လုပ်ခဲ့ခြင်းပဲဖြစ်ပါတယ်..
ဒါ့ကြောင့် အစိုးရသစ်ရဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲဆိုတာ
မွတ်ဆလင်ဘာသာကို အဓိကထားပြီး ဆင်ပေါ်တင်ပေးတဲ့
ပွဲသာဖြစ်ခဲ့တယ်...ဘာသာပေါင်းစုံဆုတောင်းပွဲမဟုတ်ပဲ
မွတ်ဆလင်ဘာသာ ဆုတောင်းပွဲသာဖြစ်ခဲ့တယ်..
နိုင်ငံအကျိုးအတွက်မဟုတ်ဘဲ ကိုယ်ကျိုးအတွက်လုပ်တဲ့
ပွဲသာဖြစ်ခဲ့တယ်..
ရိုးရိုးလေးပဲ အဖြေကိုစဉ်းစားကြည့်ပါ.
နိုင်ငံအတွက် ဆုတောင်းတယ်ဆိုရင် တစ်ခါဆုတောင်းရပြီပေါ့..
အခုဟာက တစ်ခါမကဘူး တစ်လလုံးကျင်းပတယ်..
အဲ့လိုကျင်းပတော့လည်း ပွဲစည်ဖို့အတွက် ကုမ္ပဏီဝန်ထမ်းတွေ၊
ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ အစိုးရဝန်ထမ်းတွေကို
မလာမနေရ ရာဇသံပေးပြီး ဖိတ်စာပို့တယ်..
ရဟန်းသံဃာတွေကတော့ အစိုးရရာဇသံပေးပေမယ့်
မတက်လည်းဘာမှမဖြစ်တဲ့အတွက် မတက်ကြဘူး..
ဒါပေမယ့် ဝန်ထမ်းတွေကတော့ အလုပ်ပြုတ်မှာစိုးလို့
မတက်ချင်ပေမယ့် တက်ကြရတယ်..
အဲ့တော့ ခင်ဗျားတို့လုပ်တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲဆိုတာကြီးက
ပြည်သူတွေလဲ ဆန္ဒမပါ၊ သံဃာတော်တွေလဲမတက်၊ ဝန်ထမ်းတွေလဲ
စိတ်ညစ်ရတဲ့ ခွေးဝမ်းသာအောင် လေလည်ပြတဲ့
မွတ်ဆလင်တွေကို စင်ပေါ်တင်ပေးတဲ့ ပွဲအဖြစ်သာ
အားလုံးက မြင်ကြတော့တယ်..
မောင်ဗေဒါ
Comments
Post a Comment