ATM ငွေထုတ်စက်ထဲမှ ငွေ၇၅သိန်းကို ဘဏ်ဝန်ထမ်း ၁ဦးကခိုးထုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု နေပြည်တော်တွင်ဖြစ်ပွား
နေပြည်တော်၊အောက်တိုဘာ၁၄
နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာ(၂) ဧည့်ကြို ကောင်တာရုံးခန်းအတွင်း ထားရှိသည့် ATM ငွေထုတ်စက်(၁)လုံးအတွင်းမှ
ငွေ ၇၅သိန်း ကို CB ဘဏ်ကြီးကြပ်ရေးမှုးတစ်ဦးက ခိုးထုတ်ခဲ့၍ အရေးယူပေးပါရန် ယင်းဘဏ်တာဝန်ရှိသူက ရဲစခန်းသို့ ယမန်နေ့ကတိုင်ကြားထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဥတ္တရသီရိတွင်ဖွင့်လှစ်ထားသည့်
CBဘဏ်ခွဲ မှ ဘဏ်ခွဲတာဝန်ခံသည် ထိုစက်အတွင်းသို့ ငွေကျပ်(၃၀၀)သိန်းအား ဖြည့်သွင်းထားရှိခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့ ၁၆၀၀ အချိန် စည်ပင်ဧည့်ရိပ်သာ(၂)တွင် ထားရှိသော ATM ငွေထုတ်စက်မှ ငွေမလျော့သဖြင့် မသင်္ကာ၍ စစ်ဆေးခဲ့ကြောင်း၊Customer များ ငွေထုတ်ယူသည့်စာရင်းမှာ ငွေ ၆,၂၈၀,၀၀၀ ကျပ်ဖြစ်ပြီး လက်ကျန်ငွေမှာ ၁၆,၂၂၀,၀၀၀ ကျပ်ဖြစ်၍ ငွေကျပ် ၇,၅၀၀,၀၀၀ ကျပ်ကွာဟနေသဖြင့် CCTV အားကြည့်ရှုစစ်ဆေးခဲ့ရာ အောက်တိုဘာလ ၁၀ ရက်နေ့ ၁၁၀၀ အချိန် ၎င်းတို့ဘဏ်မှ ကြီးကြပ်ရေးမှူး ဦးနေဝင်းအောင်(၃၃)နှစ်၊ (ဘ)ဦးမြင့်အောင်၊ ရွာကောက်ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူမှ စက်ထဲရှိငွေများအား ထုတ်ယူ သွားသည်ကို တွေ့ရှိရသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့ ၂၃၄၀ အချိန် နေဝင်းအောင် (ဖမ်းမမိ) အား အမှတ်-၁မြို့မရဲစခန်း(ပ)၃၃၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၁(အစေခံကခိုးယူမှု)ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါသည်။
Credit. Popular
Comments
Post a Comment