မြစ်ကြီးနားတွင်​ တရား​ခွေကို အသံအကျယ်​ကြီးဖွင့်ပြီး လူသတ်​မှု ဖြစ်ပွား


October 14, 2017
အေးစေတီရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုအား ကျူးလွန်သူသည် အသတ်ခံရသူ နှစ်ဦးနှင့် အလွန်ရင်းနှီးသူများသာ ဖြစ်နိုင်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

“သတ်တဲ့သူက တယောက်ထဲ မဖြစ်နိုင်ဘူး။ အခုလို သေသေချာချာ အကွက်ချပြီး လုပ်ခဲ့တာဆိုတော့ အကြောင်းသိ ဓါတ်သိတွေထဲက တော်တော်ကို ရင်းနှီးတဲ့သူတွေထဲက ဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသော အသတ်ခံရသူ ၂ ဦးနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
ထိုလူသတ်မှုသည် ယနေ့ ညနေ က မြစ်ကြီးနားမြို့ရှိ အေးစေတီရပ်ကွက် နယ်မြေ ၄ တောင်သူကြီးလမ်း အမှတ် ၄၁၄ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ကျမတို့ တွေ့တဲ့အချိန်မှာ အလောင်းက အရမ်းကို တောင့်တင်းနေပြီဆိုတော့ ကြည့်ရတာ မနက်ပိုင်းလောက်မှာကတည်းက အသတ်ခံခဲ့ရတာ ဖြစ်နိုင်တယ်”ဟု အလောင်းများအား တွေ့ရှိခဲ့သည့် အမျိုးသမီးက ပြောသည်။

လူသတ်မှုကြောင့် သေဆုံးခဲ့ရသူ ၂ ဦးသည် အသက် ၇၅ နှစ်အရွယ် ဒေါ်ခင်မြင့် ဆိုသူနှင့် အသက် ၅၁ အရွယ် ဒေါ်ခင်စန်းရီတို့ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများအား စစ်ဆေးရာ၌ ဒေါ်ခင်မြင့်တွင် ဓါးဒဏ်ရာ ၁၂ ချက် နှင့် ဒေါ်ခင်စန်းရီတွင်မူ ကျော၌ ဓါးဒဏ်ရာ ၆ ချက်နှင့် ရင်ဘတ်၌ ဓါးဒဏ်ရာ ၂ ချက် ထိုးသွင်းခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အလောင်းများအား တွေ့ရှိခဲ့ပုံနှင့် စပ်လျဉ်း၍ “တရားခွေကို ဖွင့်ထားတာ အကျယ်ကြီးပဲ။ နောက်ပိုင်းသ ပိုပိုကျယ်လာလို့ အိမ်ထဲဝင်ကြည့်တာ ရေချိုးခန်းထဲ အခုလို အသတ်ခံထားရတာကို တွေ့ခဲ့တာ”ဟု လူသတ်မှု ဖြစ်ပွားခဲ့သည့် ခြံထဲတွင် အိမ်ငှားနေသည့် အမျိုးသမီးက ပြောသည်။

Credit@Myitkyina News

#မေသတင်းရပ်ကွက်လေး

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော