ခြေအိတ်အတွင်းတွင် ဂလူးကို့စ်ဆေးပြား မက်ဆီ ထည့်သွင်းယူဆောင်လာခဲ့



ဘာစီလိုနာ၊ အောက်တိုဘာ ၁၉
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက အိုလံပီယာကော့စ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ၎င်း၏ခြေအိတ်အတွင်း၌ ဂလူးကို့စ်ဆေးပြား ထည့်သွင်းယူဆောင်လာကာ သောက်သုံးခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
မက်ဆီသည် ပွဲအစ ၁၀ မိနစ်ခန့်တွင် ယင်းဆေးပြားကို ခြေအိတ်အတွင်းမှထုတ်ယူ၍ သောက်သုံးခဲ့ကာ ယင်းဆေးပြားမှာ ကစားသမားတစ်ဦးအတွက် ခွန်အားကို အထောက်အပံ့ဖြစ်စေသော ဆေးအမျိုးအစားဖြစ်ဖွယ်ရှိသည်ဟု သတင်းမီဒီယာများက သုံးသပ်ခန့်မှန်းထားကြသည်။
ရုပ်သံဌာနများသည် ခြေအိတ်အတွင်းမှနေ၍ မက်ဆီ ဆေးထုတ်ယူသောက်သုံးနေသည်ကို စက္ကန့်အနည်းငယ်ကြာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့ကြပြီး ယခုပွဲစဉ်တွင် မက်ဆီမှာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဥရောပပြိုင်ပွဲများတွင် သွင်းဂိုး ၁၀၀ ပြည့်ဂိုးကို သွင်းယူ၍လည်း မှတ်တမ်းသစ်တစ်ရပ် ရေးထိုးသွားနိုင်ခဲ့သည်။
မက်ဆီသည် ဘာစီလိုနာနှင့် အိုလံပီယာကော့စ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရယူစွမ်းဆောင်ပေးနိုင်ခဲ့ကာ ဒစ်ဂ်နေး သွင်းယူခဲ့သော တတိယဂိုးမှာ မက်ဆီ၏ဖန်တီးပံ့ပိုးပေးမှုကတစ်ဆင့် ရရှိသွားခဲ့ခြင်းဖြစ်သည်။
The Voice Soccer Special.

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော