မနက်ခင်းတိုင်းမှာ နိုးကြားလန်းဆန်းနေသူတစ်ယောက် ဖြစ်စေဖို့ လိုက်နာလုပ်ဆောင်ရမယ့် အချက် (၆) ချက်



မနက်တိုင်း သူများတွေလို လန်းလန်းဆန်းဆန်းနဲ့ လေ့ကျင့်ခန်းလေးလုပ်၊ မနက်စာလေး သေချာစားပြီးမှ အလုပ်သွားတာမျိုး လိုချင်ပေမယ့် ရုံးသွား၊ အလုပ်သွားခါနီးမှာ ၀ရုန်းသုန်းကား အိပ်ယာကခုန်ဆင်းပြီး ရေမိုးချိုး အ၀တ်အစားလဲ၊ အိမ်ကနေ ကောက်ထွက်ရတဲ့ အဖြစ်က ဘယ်လိုရုန်းထွက်ရမှန်း မသိသူတွေအတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

အဆင့် (၁) နာရီ alarm ပေးပြီး ဒီအကျင့်ကို စွဲမြဲအောင် လုပ်ထားလိုက်ပါ။ မနက်ကို သုံးလေးကြိမ် snooze button နှိပ်ပြီး ၁၅မိနစ်တစ်ကြိမ် alarm ပေးသလို လုပ်တာမျိုးတော့ ရှောင်ပါ။ တစ်ခါမြည်တာနဲ့ တန်းပြီး နိုးအောင် ၀ီရိယအပြည့်ထားပါ။ ဒီအခြေအနေက ခက်ခဲပေမယ့် နောက်ပိုင်း အကျိုးကျေးဇူးများစွာ ခံစားရမယ်ဆိုတဲ့ စိတ်ထည့်ပြီး ထနိုင်အောင် ကြိုးစားပါ။

အဆင့် (၂) ညဘက် အိပ်ချိန်ကို တတ်နိုင်သမျှ များများပေးပါ။ လူတစ်ယောက်က ၈နာရီ အိပ်ရုံနဲ့ လုံလောက်တယ်ဆိုပြီး အချိန်အတိအကျအိပ်တာမျိုးတွေ မလုပ်ပါနဲ့။ အိပ်ချိန်များလေ သင့်ခန္ဓာကိုယ်အတွက် ကောင်းလေပါပဲ။ ဒီတော့ အိပ်ရေး၀၀လေး အိပ်နိုင်ဖို့ အခန်းအတွင်း အပြင်အဆင်လေးတွေ သေချာလုပ်ပါ။ ရှုပ်ပွနေတယ်ဆိုရင် အခန်းကို တတ်နိုင်သလောက် ရှင်းလင်းထားပါ။

အဆင့် (၃) မနက်နိုးတာနဲ့ သောက်စရာတစ်ခုခုနဲ့ စတင်လိုက်ပါ။ တစ်ညလုံး အိပ်နေချိန်အတွင်း လိုအပ်သွားတဲ့ ရေဓာတ်ပမာဏကို ပြန်ဖြည့်နိုင်ဖို့ ပထမဆုံးအနေနဲ့ ခွက်အပြည့် သံပုရာရည်နွေးနွေးလေး သောက်ပေးပါ။ တကယ်လို့ ဒီအတိုင်းကြီး မသောက်ချင်ရင် သံပုရာရည်မှာ ပျားရည်နဲ့ဂျင်းနည်းနည်းလေး ရောထည့်ပြီး သောက်ပေးလိုက်ပါ။

အဆင့်(၄) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ မနက်စောစော လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ သင့်ရဲ့စိတ်ရော၊ ခန္ဓာကိုယ်ကိုပါ ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။ ဒီတော့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်ဖြစ်ရင်တောင် အတတ်နိုင် ဆုံး အကြောလျှော့တာ၊ အေရိုးဗစ်ဆော့တာ၊ ခုန်ဆွခုန်ဆွ လုပ်ပေးတာလေးတွေကလည်း ကောင်းတာပါပဲ။

အဆင့် (၅) မနက်စာ စားပေးပါ။ တစ်နေ့တာအချိန်မှာ မနက်စာ သေချာစားပေးဖို့ အရမ်းအရေးကြီးတဲ့အကြောင်း သိပြီးဖြစ်မှာပါ။ ဒီတော့ မနက်စာ မစားပဲ နေ့လည်စာကျမှ ဗိုက်ပြည့်အောင် စားတာမျိုးတွေ မလုပ်ပါနဲ့။ ပုံမှန်လေး သေချာစားပေးသွားရင် တစ်လလောက် ကြာတဲ့အခါ သင်ဟာ လန်းဆန်းပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တွေ ပိုမိုပိုင်ဆိုင်လာပါလိမ့်မယ်။

အဆင့်(၆) ကော်ဖီသောက်ပါ။ ကျွန်မတို့အားလုံး ကော်ဖီကို နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ နေ့လည်နေ့ခင်း ကော်ဖီမသောက်ရ မနေနိုင်တာမျိုးတွေ ရှိကြတယ်ဟုတ်။ ဒီလိုပဲ သင်ဟာ မနက်တိုင်း အလုပ်မသွားခင် ကော်ဖီလေးတစ်ခွက် သောက်နေကျ ဖြစ်လာမယ်ဆိုရင် သင်ဟာ သင့်မနက်ခင်းလေးကို ပိုမိုတွယ်တာ ချစ်ခင်လာပါလိမ့်မယ်။

Credit ....medicalfacts

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော