ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပွဲ ကျောက်ဆည်တွင် ယနေ့ပြုလုပ်မည်




ကျောက်ဆည်မြို့၌ ယနေ့ (အောက်တိုဘာလ ၁၅ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဘက်ပေါင်းစုံ ဖိအားပေး ထိုးနှက်နေရာ ယင်းသို့ တစ်ဖက်သတ် ဖိအားပေးမှုများ ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖြစ်မှန် သိရှိစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ယင်းသို့ ကြိုးစားဆောင်ရွက်နေမှုများကို အားပေးထောက်ခံသည့်အနေနှင့် ကျောက်ဆည်မြို့ခံပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိကြောင်း၊ လက်ရှိ ဆောင်ရွက်နေမှုများကို အားပေးထောက်ခံသည့်အနေနှင့် လူထုချီတက်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများအနက် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းထောက်ခံချီတက်ပွဲကို ကျောက်ဆည်မြို့ဝင်စုရပ်မှ ရန်ကုန်-မန္တလေးကား လမ်းအတိုင်း ထွက်ခွာ၍ ဆင်ပြိုင်ကွင်းအတွင်း ဝင်ရောက်ကာ ပန်းရဲ့လမ်းအဖွဲ့၊ ကျောက်ဆည်ဆင်အဖွဲ့များ၊ စိန်ဒူးဝါးဆိုင်းအဖွဲ့နှင့် ကဗျာဆရာ ထွဏ်းသွေးအိမ်တို့က ဖျော်ဖြေမှုများ တင်ဆက်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောဆိုသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူရှိကြောင်း ထောက်ခံပွဲများကို အောက်တိုဘာ လဆန်းပိုင်းကစ၍ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ဆက်တိုက် ပြုလုပ်လျက် ရှိသည်။



The Voice

http://thevoicemyanmar.com/news/12836-ksd

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော