ဖြိုးကိုကိုတင့်ဆန်းသည် ပြည်ခိုင်ဖြိုးနှင့် လုံးဝမသက်ဆိုင်ကြောင်း ပါတီပြောကြား
Wednesday, October 18, 2017
အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်တွင် သေနတ်များတွေ့ရှိပြီးနောက် ဖြိုးကိုကိုတင့်ဆန်းကို ထိန်းသိမ်းထားစဉ်
တရားမ၀င်လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးမှုတို့ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသော ဦးဖြိုးကိုကိုတင့်ဆန်းသည် ပါတီ နှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည်။
၎င်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် မြောင်းမြမဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ် သည်။
‘‘၂၀၁၂ ကတည်းက ပါတီ က နုတ်ထွက်ပြီး ပါတီနဲ့ ထိတွေ့ မှုလုံးဝမရှိပါဘူး’’ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
သမ္မတဟောင်းဦးသိန်းစိန် လက်ထက် အားကစားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦး တင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းသည် ဖခင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြောင်း မြမဲဆန္ဒနယ်၌ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ်ခဲ့သည်။
၎င်းသည် လက်ရှိမြန်မာနိုင် ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် နေပြည်တော်ဘောလုံး အသင်း၏ ပိုင်ရှင်ဖြစ်သည်။
အောက်တိုဘာ ၁၅ ရက်ည က ဖြိုးကိုကိုတင့်ဆန်းအပါအ၀င် အပေါင်းအပါနှစ်ဦးကို နေပြည် တော်လေဆိပ်၌ လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည်။ မူးယစ်မှု၊ တရားမ၀င်လက်နက်ကိုင်ဆောင်မှုတို့ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး အမှုနှင့်ပတ်သက်၍ ဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ်များနှင့် နေအိမ်များကို ထပ်မံဝင်ရောက်ရှာဖွေရာ နေပြည်တော်နှင့်ရန်ကုန်မြို့တို့ရှိ ACE ဟိုတယ်များ၌ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိကာ ဗဟန်းမြို့နယ်ရှိ နေအိမ်တွင်လည်း သေနတ်ကျည်ဆန် အချို့နှင့် မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိခဲ့သည်။
7 Day
Comments
Post a Comment