လမ်းလျှောက်လာသည့် လင်မယားနှစ်ဦးအား ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို အုပ်စုလိုက်အဓမ္မပြုကျင့်မှုဖြစ်ပွား၊ ပြစ်မှုကျူးလွန်သူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ




မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်တံတားအနီးတွင် အောက်တိုဘာ ၁၅ရက် နံနက် ၂နာရီအချိန်ခန့်က ရထားလမ်းအတိုင်း လမ်းလျှောက်လာသော လင်မယားနှစ်ဦးကို အမျိုးသားခြောက်ဦးက 
ဆိုင်ကယ် ခိုးယူသွားသူများဟု စွပ်စွဲကာ တစ်နေရာစီခွဲ၍ ခေါ်ဆောင်သွားပြီး ဇနီးဖြစ်သူကို အုပ်စုလိုက်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ ဘုရားပွဲတွင် ဈေးရောင်းချနေသည့် မ--- ၂၆နှစ်၊ ပျဉ်းမနားမြို့နေသူနှင့်  ခင်ပွန်းဖြစ်သူတို့ လင်မယားနှစ်ဦးသည် စကားများရာမှ ခင်ပွန်းဖြစ်သူမှာ စိတ်ဆိုးပြီး လိုင်းကားဖြင့် မန္တလေးသို့ထွက်
သွား၍ မ---က ပြန်ခေါ်ရန်  ရထားဖြင့်လိုက်လာခဲ့ရာ ဦးပွားခုံးကျော် တံတားအနီးတွင် ခင်ပွန်းဖြစ်သူကို တွေ့ရှိရပြီး ရထားလမ်းအတိုင်း ဘူတာကြီးဘက်သို့ လမ်းလျောက်ပြန်လာခဲ့သည်။

ဦးပွားခုံးကျော် တံတားအနီးဘုန်းကြီးကျောင်းရှေ့အရောက် အမျိုးသားလေးဦးနှင့် တွေ့ဆုံပြီး ၎င်းတို့မှ "ဆိုင်ကယ် ၂စီးပျောက်သွားတာ နင်တို့ခိုးတာပဲ လူခွဲစစ်ဆေးမယ်"ဟု ပြောဆိုစဉ် နောက်ထပ်အမျိုးသား ၂ဦး ထပ်မံရောက်ရှိလာကာ ခင်ပွန်းဖြစ်သူအား ရထားလမ်းအတိုင်း မြောက်ဘက်သို့ခေါ်သွား၍ မ---အား ရထားသံလမ်း အရှေ့ဘက် ချုံပုတ်အစပ် မြက်ခင်းသို့ ခေါ်သွားပြီး အမျိုးသားလေးဦးက အလိုမတူဘဲ သားမယားအဖြစ် တစ်လှည့်စီ အဓမ္မပြုကျင့်ခဲ့သည်။

ထို့ပြင် ခင်ပွန်းဖြစ်သူကိုလည်း နှစ်ဦးမှ ချုပ်ထားပြီး မ--- ကို အဓမ္မပြုကျင့်သူ ၄ဦးက တစ်လှည့်စီသွားရောက် ထိုးကြိတ်ကန်ကြောက်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူတွင် ဦးခေါင်း၊ နံဘေးနှင့် ပါးရိုးတို့၌ နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မ--- မှ တရားလိုပြုလုပ်ကာ အဓမ္မပြုကျင့်သူများနှင့် ဖမ်းဆီးချုပ်နှောင်ခဲ့သူများကို စုံစမ်းအရေးယူပေးရန် ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁)နယ်မြေရဲစခန်းသို့  အမှု ဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်း (ပ) ၄၈၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/ ၃၄၂/ ၃၂၃/ ၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး  စခန်းမှူးရဲအုပ်ဝင်းဗိုလ်၊ နယ်ထိန်းအရာရှိ ရဲအုပ် ဇော်မင်းထိုက်တို့နှင့် တပ်ဖွဲ့ဝင်များက ကြိုးပမ်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများကို မှုခင်းဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအနက် အဓမ္မပြုကျင့်သူများဖြစ်သည့် သန်းဇော်မျိုး ၂၀နှစ်၊ ကျပန်းလုပ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် ပါ ၄ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့်လည်းကောင်း၊ ဖမ်းဆီးချုပ်နှောင်ပေးသူ ဝေယံဇော်(ခ)ကျန်ကျောင်း ၁၉နှစ်။ ကျပန်းလုပ်၊ ချမ်းမြသာစည်တောင်ရပ်ကွက် ပါ နှစ်ဦးနှင့်  သန်းဇော်မျိုး ပါ ၄ ဦး၊ အမျိုးသားလေးဦး၊ စုစုပေါင်း အမျိုးသားခြောက်ဦးစလုံးကို ရာဇသတ် ကြီး ပုဒ်မ ၃၄၂/၃၂၃/၁၁၄ တို့ဖြင့် ဖမ်ဆီးစစ်ဆေးလျက်ရှိကာ အမှုအား ခိုင်မာစွာတည်ဆောက်၍  တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
( Ah Lin Nge )
#TheMandalayNewsJournal

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော