မြင်းမူတွင် ဘုရားဆင်းတုတော်များ တင်လာသည့်ကားကို ပိုင်ရှင်မဲ့ဖမ်းမိ





စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းအရာတော်သွား ကားလမ်းပေါ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်က ဘုရားဆင်းတုတော် သုံးဆူကို ခိုးယူတင်ဆောင်လာသည့်ကားကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းနေ့က အဆိုပါ မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် မောင်းနှင် ထွက်ပြေးခဲ့ပြီးနောက် မြင်းမူမြို့နယ်၊ ကံဖျားရွာအနီး၌ ယာဉ်ကို ရပ်တန့်ထားသည်ကို တွေ့ရ၍ စစ်ဆေးရာတွင် ကားပေါ်၌ ဉာဏ်တော်လေးပေရှိ ထိုင်တော်မူ ယွန်းဘုရားတစ်ဆူ၊ ဉာဏ်တော် သုံးပေကျော်ရှိ ရပ်တော်မူ ကျောက်ဆင်းတု နှစ်ဆူနှင့် ဆက်စပ် ပစ္စည်းများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရားဆင်းတုတော်များ ခိုးယူလာသူ နှစ်ဦးကို မြင်းမူမြို့မရဲစခန်းက (ပ)၁၁၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်ကာ စုံစမ်းနေကြောင်း အဆိုပါစခန်းထံမှ သိရသည်။



The Voice

http://thevoicemyanmar.com/news/12891-mmd

Photo : DVB TV News

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော