Posts

ကမ္ဘာ့နိုင်ငံအများစုက အဖြစ်အပျက်အမှန်ကို မသိဘဲ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများရှိနေဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Image
ကမ္ဘာ့နိုင်ငံအများစုက မိမိတို့နိုင်ငံ၏ အဖြစ်အပျက် အမှန်များကိုမသိကြဘဲ မီဒီယာများ၏ စွပ်စွဲပြောဆိုမှုများ အပေါ် အခြေခံ၍ မြန်မာနိုင်ငံအပေါ် ဖိအားများ ပေးနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ အမှန်တရားကို လက်ခံရမည်သာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် နှစ်ကာလ များစွာက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အပေါ်တွင် အခြေခံပြီး ကြိုတင်ပြင်ဆင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားနိုင်ဘဲ နိုင်ငံသားအဖြစ် လက်မခံနိုင် ကြောင်း၊ ယင်းကိုစိစစ်ရန်လုပ်ဆောင်ရာမှ ပြဿနာဖြစ်ပွား ရခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ဘင်္ဂလီ အကြမ်းဖက်အင်အား ၄၀၀၀ ခန့်က တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး စတင်တိုက်ခိုက် ခဲ့ခြင်း သာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အင်အားသုံး၍ တိုက်ခိုက် သတ်ဖြတ်မှု၊ အကြမ်းဖက် ဖိနှိပ်မှုများ ကျူးလွန်မှု မရှိကြောင်း၊ ဖြစ်ရပ်မှန် များကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း၊ မိမိတို့အနေဖြင့် အမှန်အတိုင်းသာ ရပ်တည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေ...

ငါးပိ၊ လက်ဖက်နှင့် ငရုတ်သီးမှုန့် ၈ မျိုး စားသုံးရမသင့် ကြေညာ

Image
ငါးပိ၊ လက်ဖက်နဲ့ ငရုတ်သီးမှုန့်အမျိုးအစား ၈ မျိုးကို အများပြည်သူ စားသုံးရန် မသင့်တဲ့ အစားအစာတွအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ကြေညာထားတဲ့ အစားအစာနဲ့ အမှတ်တံဆိပ်တွေထဲမှာ ရွှေပုဇွန် ပုစွန်ငါးပိ၊ မြသီရိ မြိတ်ငါးပိထောင်း၊ ရွှေဟင်္သာ အရောင်တင်မှုန့်၊ ဟင်္သာမင်း ငရုတ်သီးအစိမ်းမှုန့်၊ အေးကမ္ဘာ ရှူးရှဲလက်ဖက်ချဉ်စပ်နှပ်၊ မသက်သက် လက်ဖက်ချဉ်စပ်နှပ်၊ ရွှေတောင်တန်း လက်ဖက်ချဉ်စပ်နဲ့ ရွှေဖောင်းကွဲ လက်ဖက်အညွန့်တို့ ပါဝင်ပါတယ်။ ဈေးကွက်ထဲ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာမှာ အဆိုပါ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ အစားအသောက်တွေမှာ ခွင့်မပြု ဆိုးဆေးတွေနဲ့ မှိုအဆိပ်တွေ ပါဝင်နေတာကြောင့် ခုလို စားသုံးဖို့ မသင့်ကြောင်း ကြေညာလိုက်တာလို့ ဆိုပါတယ်။ အစားအသောက်တွေမှာ သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေကို အသုံးမပြုကြဖို့နဲ့ လိုက်နာမှု မရှိရင် ဥပဒေအရ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ DVB TV News http://burmese.dvb.no/archives/236163

ခြေအိတ်အတွင်းတွင် ဂလူးကို့စ်ဆေးပြား မက်ဆီ ထည့်သွင်းယူဆောင်လာခဲ့

Image
ဘာစီလိုနာ၊ အောက်တိုဘာ ၁၉ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာက အိုလံပီယာကော့စ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ၎င်း၏ခြေအိတ်အတွင်း၌ ဂလူးကို့စ်ဆေးပြား ထည့်သွင်းယူဆောင်လာကာ သောက်သုံးခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။ မက်ဆီသည် ပွဲအစ ၁၀ မိနစ်ခန့်တွင် ယင်းဆေးပြားကို ခြေအိတ်အတွင်းမှထုတ်ယူ၍ သောက်သုံးခဲ့ကာ ယင်းဆေးပြားမှာ ကစားသမားတစ်ဦးအတွက် ခွန်အားကို အထောက်အပံ့ဖြစ်စေသော ဆေးအမျိုးအစားဖြစ်ဖွယ်ရှိသည်ဟု သတင်းမီဒီယာများက သုံးသပ်ခန့်မှန်းထားကြသည်။ ရုပ်သံဌာနများသည် ခြေအိတ်အတွင်းမှနေ၍ မက်ဆီ ဆေးထုတ်ယူသောက်သုံးနေသည်ကို စက္ကန့်အနည်းငယ်ကြာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့ကြပြီး ယခုပွဲစဉ်တွင် မက်ဆီမှာ ၎င်း၏ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဥရောပပြိုင်ပွဲများတွင် သွင်းဂိုး ၁၀၀ ပြည့်ဂိုးကို သွင်းယူ၍လည်း မှတ်တမ်းသစ်တစ်ရပ် ရေးထိုးသွားနိုင်ခဲ့သည်။ မက်ဆီသည် ဘာစီလိုနာနှင့် အိုလံပီယာကော့စ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရယူစွမ်းဆောင်ပေးနိုင်ခဲ့ကာ ဒစ်ဂ်နေး သွင်းယူခဲ့သော တတိယဂိုးမှာ မက်ဆီ၏ဖန်တီးပံ့ပိုးပေးမှုကတစ်ဆင့် ရရှိသွားခဲ့ခြ...

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော

Image
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေး နေ ကြောင်း အပစ်ရပ် အဖွဲ့များက ဧရာဝတီသို့ ပြောသည်။ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေသူများ၏ အတွေ့အကြုံ၊ အရည်အချင်း အားနည်းခြင်း၊ အစိုးရနှင့် တပ်မတော်တို့ တသားတည်း မဖြစ်ဘဲ သဘောထား ကွဲပြားမှုများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က “နှောင့်နှေးကြန့်ကြာတယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။ ပြည်သူကိုချစ်တယ်။ တိုင်းပြည်ကို ချစ်တယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှု မရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို အစိုးရပိုင်းက အလေးထား စဉ်းစားသင့်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ အစိုးရဘက်တွင်လည်း မညီညွှတ်ဘဲ ကွဲလွဲမှုများ ရှိနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်တွင်လည်း အဖွဲ့မျိုးစုံ ကွဲ၍ ငြိမ်းချမ်းရေး ရယူရန် ချည်းကပ်သည့် လမ်းကြောင်း မတူညီခြင်းများက လက်ရှိ တိုင်းပြည်၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သက်ရောက်မှု များစွာ ဖြစ်စေကြောင်းလည်း ၎င်းက ပြောဆိုသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တာဝန်ယူ ဆောင်ရွက်သည့် သမ္မတ...

တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီ မရနိုင်ဟု ပြည်ထောင်စုရှေ့နေချုပ် ပြော

Image
တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီဟာ အတူတကွ ယှဉ်တွဲနေထိုင်ပြီး တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁၈ ရက် မနက်က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ဆင်းရဲနွမ်းပါးသူတွေအတွက် ဥပဒေကိစ္စရပ်တွေကို အခမဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် My Justice စင်တာဖွင့်ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီက အတူတကွ ယှဉ်တွဲနေထိုင်တယ်။ တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ဘူး။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ တရားဥပဒေစိုးမိုးရေးက အလွန်အရေးကြီးပါတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက်ပေးထားတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ MyJustice စင်တာကို လူ့အသိုင်းအဝိုင်းအတွင်း ရာဇဝတ်မှုနဲ့ စွပ်စွဲခံရတဲ့ ဆင်းရဲသား ပြည်သူတွေ၊ တန်းတူညီမျှမှု မရှိသူတွေ၊ အထူးသဖြင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေ၊ လိင်တူချစ်သူတွေ၊ လူမျိုး ကိုးကွယ်ယုံကြည်မှု လိင်စိတ်ခံရယူလို့မရတဲ့ လူနည်းစုတွေအတွက် ဥပဒေအကျိုးဆောင်ပေးခြင်းအားဖြင့် မြန်မာနို...

လမ်းလျှောက်လာသည့် လင်မယားနှစ်ဦးအား ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို အုပ်စုလိုက်အဓမ္မပြုကျင့်မှုဖြစ်ပွား၊ ပြစ်မှုကျူးလွန်သူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Image
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးကျော်တံတားအနီးတွင် အောက်တိုဘာ ၁၅ရက် နံနက် ၂နာရီအချိန်ခန့်က ရထားလမ်းအတိုင်း လမ်းလျှောက်လာသော လင်မယားနှစ်ဦးကို အမျိုးသားခြောက်ဦးက  ဆိုင်ကယ် ခိုးယူသွားသူများဟု စွပ်စွဲကာ တစ်နေရာစီခွဲ၍ ခေါ်ဆောင်သွားပြီး ဇနီးဖြစ်သူကို အုပ်စုလိုက်အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ ဘုရားပွဲတွင် ဈေးရောင်းချနေသည့် မ--- ၂၆နှစ်၊ ပျဉ်းမနားမြို့နေသူနှင့်  ခင်ပွန်းဖြစ်သူတို့ လင်မယားနှစ်ဦးသည် စကားများရာမှ ခင်ပွန်းဖြစ်သူမှာ စိတ်ဆိုးပြီး လိုင်းကားဖြင့် မန္တလေးသို့ထွက် သွား၍ မ---က ပြန်ခေါ်ရန်  ရထားဖြင့်လိုက်လာခဲ့ရာ ဦးပွားခုံးကျော် တံတားအနီးတွင် ခင်ပွန်းဖြစ်သူကို တွေ့ရှိရပြီး ရထားလမ်းအတိုင်း ဘူတာကြီးဘက်သို့ လမ်းလျောက်ပြန်လာခဲ့သည်။ ဦးပွားခုံးကျော် တံတားအနီးဘုန်းကြီးကျောင်းရှေ့အရောက် အမျိုးသားလေးဦးနှင့် တွေ့ဆုံပြီး ၎င်းတို့မှ "ဆိုင်ကယ် ၂စီးပျောက်သွားတာ နင်တို့ခိုးတာပဲ လူခွဲစစ်ဆေးမယ်"ဟု ပြောဆိုစဉ် နောက်ထပ်အမျိုးသား ၂ဦး ထပ်မံရောက်ရှိလာကာ ခင်ပွန်းဖြစ်သူအား ရထားလမ်းအတိုင်း မြောက်ဘက်သို့ခေါ်သွား၍ မ---အား ရထားသံလမ်း အရှေ့ဘက် ချုံပုတ်အစပ...

ဖြိုးကိုကိုတင့်ဆန်းသည် ပြည်ခိုင်ဖြိုးနှင့် လုံးဝမသက်ဆိုင်ကြောင်း ပါတီပြောကြား

Image
Wednesday, October 18, 2017 အောက်တိုဘာ ၁၅ ရက် ညက နေပြည်တော်လေဆိပ်တွင် သေနတ်များတွေ့ရှိပြီးနောက် ဖြိုးကိုကိုတင့်ဆန်းကို ထိန်းသိမ်းထားစဉ် တရားမ၀င်လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးမှုတို့ ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသော ဦးဖြိုးကိုကိုတင့်ဆန်းသည် ပါတီ နှင့်လုံးဝသက်ဆိုင်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြော သည်။ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် မြောင်းမြမဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ် သည်။ ‘‘၂၀၁၂ ကတည်းက ပါတီ က နုတ်ထွက်ပြီး ပါတီနဲ့ ထိတွေ့ မှုလုံးဝမရှိပါဘူး’’ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။ သမ္မတဟောင်းဦးသိန်းစိန် လက်ထက် အားကစားဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦး တင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းသည် ဖခင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြောင်း မြမဲဆန္ဒနယ်၌ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာရှုံးနိမ်ခဲ့သည်။ ၎င်းသည် လက်ရှိမြန်မာနိုင် ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် နေပြည်တော်ဘောလုံး အသင်း၏ ပိုင်ရှင်ဖြစ်သ...