Ruby Mart ရှေ့တွင် သိန်း ၇၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါး ဖမ်းမိ
ကျောက်တံတားမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ Ruby Mart ရှေ့တွင် အောက်တိုဘာလ ၁၁ ရက် ည ၉ နာရီခန့်က ကျပ်သိန်း ၇၀ နီးပါးတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ အသက် ၄၆ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ပုပ္ဖဝတီလမ်းတွင် နေထိုင်သူ ဦးအောင်ကျော်သည် မူးယစ်ဆေးဝါးများ လာရောက် ရောင်းချနေကြောင်း သတင်းအရ ရှာဖွေစစ်ဆေးရာ ၎င်း၏ခါးကြား ၌ ပလတ်စတစ်အိတ်ထဲတွင် အဝါရောင် တိပ်ပတ်လျက် ထုပ်ပိုးထားသည့် ကပ်ခွာအိတ် ၁၀ လုံးအတွင်းမှ WY စာတန်းပါ စိတ်ြွကရူးသွပ်ဆေးပြား ၁၉၁၄ ပြားနှင့်အတူ အခြားဆက်စပ်စ္စည်းများကို ဖမ်းမိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
“မူးယစ်ဆေးဝါးတွေ လာရောင်း နေတယ်ဆိုပြီး သတင်းရတာနဲ့ သွားဖမ်းတာ၊ ဆေးပြားတန်ဖိုးအားလုံး တွက်ကြည့်လိုက်တော့ သိန်းပေါင်း ခြောက်ဆယ့်ကိုး သိန်းလေးသောင်းလေးထောင်ရှိတယ်၊ အခု တွက်ထားတာက ရေတွက်လို့ရတဲ့ အပြားတွေပဲ ရှိသေးတာ၊ ကြေမွသွားတဲ့ ဆေးပြားတွေပါ တွက်ကြည့်ရင် အားလုံး သိန်း ၇၀ လောက် ရှိနိုင်တယ်”ဟု ကျောက် တံတားမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကျပ်သိန်း ၇၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိသည့် ဦးအောင်ကျော်ကို ကျောက်တံတားမြို့မရဲစခန်းက ကမယ(ပ)၁၁/၁၇၊ မူးယစ်ဆေးဝါးနှင့်
စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။
The Voice
https://goo.gl/heZPZP
Comments
Post a Comment