KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ပြည်သူတစ်ဦး မိုင်းစထိမှန်
KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ပြည်သူတစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ဦးစိုင်းအောင်သည် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပယင်းတူးဖော်ရန် မြေနေရာ ရှာဖွေစဉ် တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့် အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်း ကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲ သဖြင့် မိုင်းစထိမှန်ကာ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
အဆိုပါ မိုင်းထိလူနာအား တနိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
Ladies News
http://www.theladiesnewsjournal.com/news/wed-2017-10-11-1113/7654
The Ladies News
Comments
Post a Comment