ရာထူး၊ အခွင့်​အာဏာကို အလွဲသုံးစားလုပ်​ မိမိ​ကောင်းစား​ရေးတခုထဲသာကြည့်​တိုင်​ပြည်​နဲ့ လူမျိုး​ကောင်းစား​ရေးဆိုတာ ​ယောင်​လို့ပင်​စိတ်​ထဲမရှိ ဒါ​တွေ​ကြောင့်​ . . အဲ့ဒါ့​​တွေကြောင့်​ ကျုပ်​တို့တိုင်းပြည်​ကြီး ပျက်​စီးမွဲပြာကျခဲ့ရတဲ့တာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ထံမှဘိန်းစိမ်းများ ဖမ်းမိ



13-Oct-2017 The Voice News

ကျိုင်းတုံ၊ အောက်တိုဘာ ၁၃



ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-တာချီလိတ်လမ်း နောင်နွန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က တုံတာမြို့ ခေတ္တ အုပ်ချုပ်ရေးမှူး၏ ကားကို စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။

“ရေပူစမ်းဘက်ထွက်လာတဲ့ သူတို့ကားကို သတင်းအရ စစ်ဆေး ရှာဖွေရာကနေ ဘိန်းစိမ်းတွေ ဖမ်းမိတာပါ။ သူက တုံတာမြို့ ခေတ္တ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ မိုင်းပျဉ်းထွေအုပ် ဒုဦးစီးမှူးပါ။ ကားပေါ်မှာ သူမပါပေမယ့် ကားမောင်းတဲ့ သူ့တပည့် ထွေအုပ်စာရေးက သူ့ဆရာသုံးတဲ့ ဘိန်းစိမ်းလို့ ထွက်ဆိုလို့ ကျိုင်းတုံမြို့ထဲမှာ ကျန်ခဲ့တဲ့ သူ့ကို ဖုန်းဆက်ခေါ်ခဲ့ရတယ်”ဟု ယင်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဝင်းထွန်းက ပြောကြားသည်။

အဆိုပါယာဉ်ကို စစ်ဆေးရာတွင် ဘိန်းစိမ်းအလေးချိန် ၄၀ ဂရမ်ခန်၊ ကျပ်ငွေ ၁၂၀,၀၀၀ နှင့် လက်ကိုင်ဖုန်းများ တွေ့ရှိခဲ့၍ အသက် ၃၅ နှစ်အရွယ် ထွေအုပ် ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင် အပါအဝင် အသက် ၂၅ နှစ်အရွယ် ထွေအုပ် ရပ်/ကျေးစာရေး ဦးအောင်မိုးခိုင်နှင့် အသက် ၃၅ နှစ်အရွယ် ဦးရဲနိုင်၊ အသက် ၃၀ နှစ်အရွယ် ဒေါ်သက်နှင်းဦး၊ အသက် ၃၄ နှစ်အရွယ် ဒေါ်သင်းမို့မို့နွယ်တို့ ငါးဦးကို မယ(ပ)၁၂၁/၂၀၁၇၊မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ အရ အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

tagged as မူးယစ်ဆေးဝါး ကျိုင်းတုံ 

SOURCES:
#THE VOICE
Credit : Nyinyi Win



Myint Soe (မုံရွာ)

အောက်​တိုဘာ ၁၄၊ ၂၀၁၇

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော