ပဲစင်းငုံ တမူးနယ်စပ်က သွားဖို့ကြိုးစားပေမဲ့ အဆင်မပြေ
ပဲစင်းငုံကို ဩဂုတ်လမှာတော့ တရားဝင်ဝယ်ယူခွင့်ကို အိန္ဒိယအစိုးရက ကန့်သတ်လိုက်ပါတယ်။
မန္တလေး၊ အောက်တိုဘာ ၁၁ – အိန္ဒိယက တင်သွင်းခွင့်ပိတ်ပင်ထားတဲ့ ပဲစင်းငုံကိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေသွားဖို့ကြိုးစား ကြပေမဲ့ အဆင်မပြေသေးပါဘူး။
တမူးနယ်စပ်ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးခင်မောင်တင်က အဖမ်းအဆီးကများတယ်၊ စရိတ်စကကများတော့အဆင်မပြေကြဘူး၊ ကုန်ကျစရိတ် နဲ့ သူတို့ဆီက ဈေးနဲ့က ဘယ်လိုမှမကိုက်တော့ အခုကတော့လက်လျော့သွားကြပါပြီလို့ ပြောပါတယ်။
အိန္ဒိယမှာ အရင်နှစ်က ပဲစင်းငုံတစ်ကီလိုဂရမ်ကို အိန္ဒိယရူပီး ၁၅၀ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ၆၅ ရူပီးသာရှိလို့ ဈေးနှုန်းကလည်းကွာ ခြားနေပါတယ်။မြန်မာနိုင်ငံရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ပဲစင်းငုံကိုအိန္ဒိယနိုင်ငံကအများဆုံးဝယ်ယူပေမဲ့ အခုနှစ် ဩဂုတ်လမှာတော့ တရားဝင်ဝယ်ယူခွင့်ကို အိန္ဒိယအစိုးရက ကန့်သတ်လိုက်ပါတယ်။အခုကတော့စားတော်ပဲကလဲ မြန်မာက ကန့်သတ်ထားတော့အဝင်မရှိဘူးဆိုတော့ပဲကတော့ အသွားအလာလုံးဝမရှိဘူးပေါ့၊ ကွမ်းသီးက တော့ တစ်ခါတလေလမ်းကြောင်းချောင်ရင်သွားတယ်လို့ ဦးခင်မောင်တင်က ပြောတယ်။
Author – ခေမဏီ
Kumudra
Comments
Post a Comment