ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး၏ မော်တော်ယာဉ်အား ၆ ဘီးယာဉ်တစီးမှ ၀င်တိုက်၊ အုပ်ချုပ်ရေးမှူး ဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူနေရ
အောက်တိုဘာ ၁၀ ရက် နံနက် ၉း၁၅ နာရီ ရန်ကုန်-မန္တလေးလမ်းဟောင်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးတက္ကသိုလ်ဝင်ပေါက်အနီးတွင် တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်းစောအယ်စု (၂၆)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်နွယ် လိုက်ပါလာသည့် ယာဉ်အမှတ် YGN.5N/5749-SUZUKI အဖြူရောင်ယာဉ်အား စိုက်ပျိုးရေးတက္ကသိုလ်အတွင်းမှ ဦးလှထွန်း (၆၃)နှစ် (အငြိမ်းစားအင်ဂျင်နီယာ)၊ ရေဆင်း သစ်တောဝင်းနေသူမောင်းနှင်လာသော ယာဉ်အမှတ်- NPW-4F/5085 ကန်တာအဖြူရောင်ခြောက်ဘီးယာဉ်မှ ၀င်ရောက်တိုက်ခိုက်မိခဲ့ရာ SUZUKI အဖြူရောင်ယာဉ်မှာ လမ်းယာဘက်ရှိ ကုက္ကိုပင်နှင့် ထပ်မံ တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းအရ သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းစောအယ်စုတွင် ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နွယ်တွင် ပါးစပ်သွေးထွက်၊ နဖူးပေါက်ပြဲ၊ ရင်ဘတ်ဖူးရောင် (သတိလစ်စိုးရိမ်ရ) ဒဏ်ရာများရရှိ၍ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ တက်ရောက်ကုသလျက်ရှိပြီး အခင်းဖြစ်ရပ်သို့ နေပြည်တော် ယာဉ်မှုစစ် ယာဉ်ထိန်းတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။
---
ထွန်း(နေပြည်တော်)
News Watch
===========
Zin Moe
Comments
Post a Comment