သိန်းနီမြို့၊ မိုင်းလီကျေးရွာနှင့် ရေပူကျေးရွာအနီး၌ တရားမ၀င်သစ်များနှင့် သစ်တင်ယာဉ်များ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
နေပြည်တော်၊ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲ ခန့်တွင် စစ်ဆေးရေးဂိတ်၏အနောက်တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ မိုင်းလီနှင့် ရေပူကျေးရွာအနီးတို့၌ မသင်္ကာဖွယ် မော်တော်ယာဉ်များရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ MITSUBISHI CHARIOT အမျိုးအစား လိုင်စင်မဲ့မော်တော် ယာဉ်အမှတ်၊ SHN 7M/---၊ TOYOTA WISH အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် အမှတ်၊ YGN 3L/ ---နှင့် TOYOTA MARK II အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် အမှတ်၊ MDY 4k/---၊ တို့ပေါ်၌ တရားမ၀င် တင်ဆောင်ထားသည့် တရားမ၀င်ပိတောက် ဓားရွေတုံး ၂ ဒသမ ၁၉၈ တန်ခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါမော်တော်ယာဉ်နှင့်သစ်များအား သိန်းနီမြို့၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Comments
Post a Comment