ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးစီးပါက ရန်ကုန်- မော်လမြိုင် ခုတ်မောင်းချိန် ခြောက်နာရီသာ ကြာမြင့်မည်ဟုဆို



ရထားလမ်းပိုင်းအ ဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီး စီးပါက ရန်ကုန်နှင့်မော်လမြိုင် မီး ရထား ခုတ်မောင်းချိန်ခြောက်နာရီသာ ကြာမြင့်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (တိုင်းအမှတ်-၈) (မော်လမြိုင်ဘူတာ) အင်ဂျင်နီယာ ဦးမျိုးဇော်တူးကပြောသည်။

‘‘မီးရထားလမ်းပိုင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းတွေကို မြန် မာ့မီးရထားက ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ လုပ်ဆောင်နေတာ ပါ။ ၂၀၁၉ မတ်လမှာ မီးရထား လမ်းပိုင်း  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ အားလုံး ပြီးစီးပါ မယ်’’ ဟု ဦးမျိုးဇော်တူးက ပြော သည်။ လက်ရှိတွင် ရန်ကုန်မှ မော် လမြိုင်သို့ ရထားခုတ်မောင်းချိန် ကိုးနာရီကျော် ကြာမြင့်ကြောင်း ၎င်းကပြောသည်။

လုပ်ငန်းများပြီးစီးပါက ရန် ကုန်မှ မော်လမြိုင်သို့ လေအိတ် ရထားတွဲများဖြင့် ပြေးဆွဲမည်ဖြစ် သည်။ လက်ရှိတွင် ရန်ကုန်ဘူ တာမှ ပဲခူးဘူတာအထိ ၄၆ ဒသမ ၅ မိုင်၊ ပဲခူးဘူတာမှ စစ်တောင်းတံတားအထိ ၃၁ မိုင်၊ စစ်တောင်းတံတားမှ တောင်စွန်းဘူတာအထိ ၃၂ ဒသမ ၅ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ဦးမျိုးဇော်တူးက ဆိုသည်။တောင်စွန်းဘူတာမှ ရင်ငြိမ်းဘူတာအထိ ၃၇ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် ၂၀၁၈ မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ရင်ငြိမ်းဘူတာမှ မော်လမြိုင်ဘူတာအထိ မိုင် ၃၀ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၂၀၁၉ မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းကို မုတ္တမကွန်ကရစ်ဇလီဖားတုံးစက်ရုံမှ ထုတ်လုပ်သော ကွန်ကရစ်ဇလီဖားတုံးများ၊ ပေါင်ဘူတာရုံရှိ ကိုးချောင်းဆက်သံလမ်းအလုပ်ရုံမှ သံလမ်းများနှင့် မွန်ပြည်နယ်ရှိ ကျောက်မိုင်းများမှ ထွက်ရှိသော ကျောက်များဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည်။

7 Day

#မေသတင်းရပ်ကွက်လေး

Comments

  1. How do I make money from playing games and earning
    These novcasino are the three most popular forms of gambling, https://deccasino.com/review/merit-casino/ and are https://septcasino.com/review/merit-casino/ explained in a very concise and concise งานออนไลน์ manner. 도레미시디 출장샵 The most common forms of gambling are:

    ReplyDelete

Post a Comment

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော