အောင်လံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်ဦး ချောင်းရေအတွင်း မျောပါသေဆုံး





 မကွေးတိုင်း အောင် လံမြို့တွင် ပြီးခဲ့သည့် အောက်တို ဘာလဆန်းက စတင်၍ ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် လူနှစ်ဦးချောင်းရေအတွင်း မျောပါသေဆုံးခဲ့ရပြီး ပဲနှမ်းသီးနှံ စိုက်ခင်းဧကပေါင်းများစွာ ရေနစ် မြုပ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူနှင့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က အောင်လံမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် နေ ထိုင်သူအသက် (၇၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် မြို့လှ ချောင်းကို ဖြတ်ကူးစဉ်ချောင်း ရေအတွင်း မျောပါသေဆုံးခဲ့ကြောင်း အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် အောက်တိုဘာ ၁၁ ရက်တွင် မြို့လှချောင်းရေ အဆမတန် ကျဆင်းနေသည့်အ ချိန် တစ်ဖက်ကမ်းသို့ ဖြတ်ကူးသူ (၃၅) နှစ်အရွယ်ရှိ ဥသျှစ်ကုန်းကျေးရွာဒေသခံအမျိုးသားသည်လည်း ချောင်းရေအတွင်း မျောပါသေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အပိုင်နယ်မြေရဲ တပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိသည်။ မိုးရက်ဆက်ရွာသွန်းမှုများကြောင့် အောင်လံ-ကျောက်ပန်းတောင်း -သမ္ဘူလလမ်းတွင်လည်း ရေကျော်နေပြီး လမ်းပျက်စီးနေကြောင်း ယင်းလမ်းပေါ်ရှိ ကျေးရွာဒေသခံများ က ပြောသည်။

‘‘အရှေ့ရိုးမဘက်ကကျတဲ့ ရေတွေလို့ ပြောရမှာပဲ၊ များတယ်။တချို့ ရွာတွေဆို နှစ်ထပ်အိမ် အောက်ထပ်တစ်ထပ် မြုပ်တာ၊ စိုက်ခင်းတွေ အကုန်မြုပ်ကုန် တာ၊ သဲတွေထိုးသွားတော့ သဲခုံ ကြီးဖြစ်ကျန်ခဲ့တာ၊ အပင်တွေအ ကုန်သေပဲ။ အခု စာရင်းလိုက် ကောက်နေတယ်’’ ဟု သမ္ဘူလ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဦးသန်းစိုးက ပြောသည်။

အောင်လံမြို့နယ် အရှေ့ ခြမ်း ဘန်းကုန်းချောင်း၊ ကျောက် ပန်းတောင်းချောင်း၊ ပဒဲချောင်း၊ မြို့လှချောင်းရိုးတစ်လျှောက်ရှိ ကြက်သွန်ခင်း၊ သမ္ဘူလ၊ လှံတင်၊ သံပုရာခုံ၊ ကရင်မစမ်း၊ အောင် မြေကုန်း၊ မလဲသာ၊ ရွာမထုံး၊ မြို့လှ၊ ကျောက်ပန်းတောင်း၊ ဖောင်ရိုး၊ အင်းကြီး၊ ညောင်ဖူး ခက်စသည့်ကျေးရွာတို့တွင် ချောင်းခုံစိုက်ခင်းများ ရေလွှမ်းမိုးခံရခြင်းဖြစ်ပြီး အနည်းဆုံးဧကတစ်ထောင်ခန့်ရှိနိုင်ကြောင်း ယင်းကျေးရွာဒေသခံများက ပြောသည်။

‘‘ကျွန်တော်အသက် (၅၀) ကျော်ပြီ ကျွန်တော်သိသလောက် နှစ်ပေါင်း သုံးဆယ်အတွင်း ဒီက ချောင်းရေတွေကျတာ ဒီနှစ်အများဆုံးပဲ။ ရှိသမျှစိုက်ခင်းအကုန်ပါပဲ’’ ဟု အောင်မြေကုန်းကျေးရွာဒေသ ခံ ဦးအောင်ဝင်းက ပြောသည်။

ပဲတီစိမ်း၊ နှမ်း၊ ၀ါနှင့် ပဲစင်း ငုံစိုက်ခင်းများ အများဆုံးပျက်စီး ခဲ့ကြောင်း သမ္ဘူလကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်



7Day News Journal

http://www.7daydaily.com/story/110152

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော