တူအရင်းမှ ဆိုဆုံးမသူ အဒေါ်ဖြစ်သူအား ဒါးဖြင့်ခုတ်သတ်မှု
ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာ၊ ပုန်းဆိုးစုတွင် တူအရင်းဖြစ်သူမှ အဒေါ်ဖြစ်သူအား ဒါးဖြင့်(၃)ချက်ခုတ်လိုက်ရာ မိမိနေ အိမ်၌ ပွဲချင်းပြီးသေဆုံးသည့်လူသတ်မှုတစ်ရပ်ဖြစ်ပွား။
သတင်းထောက်စောမိုးကျော်(ကြေးမုံ-ကျောက်ဖြူမြို့)
ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာ၏ပုန်းဆိုးစုရပ်တွင် အရက်သောက်လာသူ လူငယ်တစ်ဦးမှ ဆိုဆုံးမသူ အဒေါ်ဖြစ်သူအား နေအိမ်တွင် ဒါးမဖြင့်ခုတ်သတ်လိုက်ရာအဆိုပါ နေအိမ်၌ပင်ပွဲချင်းပြီးသေဆုံးသွားသည့် လူသတ်မှုတစ်ခုမှာ အောက်တိုဘာလ(၉)ရက် နေ့ ညဖက်(၉)နာရီကျော်ခန့်၌ ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ကျေးရွာသို့သတင်းရရခြင်းမင်းပြင်ရဲစခန်းမှူးရဲအုပ်အောင်ဇော်မင်းနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ရွာမှရွာသူရွာသားများအခင်းဖြစ်နေအိမ်သို့ ရောက်ရှိသွားရာ နေအိမ်ပေါ် ၌ သေဆုံးနေသူ ဒေါ်ကြာနုဦး(၅၅)နှစ်အား တွေ့ရှိရသည့်အတွက်ကြောင့် ရဲတပ်ဖွဲ့မှလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကာ သေဆုံးသူအလောင်းအားကျောက်ဖြူဆေးရုံသို့ပေးပို့ဆောင်ရွက်ခဲ့သည်။
အခင်းဖြစ်အကြောင်းရင်အားမင်းပြင်ရဲတပ်ဖွဲ့စခန်းမှရဲအုပ်အောင်ဇော်မင်းမှစစ်ဆေးခဲ့ရာ တရားခံဖြစ်သူမောင်ဝင်းကြည်(၂၁) နှစ် ခန့်က အရက်မူး၍နေအိမ်သို့အောက်တိုဘာလ(၉)ရက်နေ့ည(၈)နာရီခန့်အချိန်တွင်အပြင်မှရောက်ရှိလာရာနေအိမ်တွင်အတူတူနေထိုင်သူအဒေါ်ဖြစ်သူ ဒေါ်ကြာဦး (၅၅) နှစ်ခန့်ကတူဖြစ်သူအား ဆိုဆုံးမရာမှအခြေအတင်စကားများကြာရာမှ စ၍ဖြစ်ကြသဖြင့် တူဖြစ်သူမှ နေအိမ်တွင်အသင့် ရှိသော ဒါးမဖြင့် လည်ပင်းနားတစ်ဝိုက် (၃) ချက်ခန့်ခုတ်လိုက်ရာ အခင်းဖြစ်နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
တူဖြစ်သူ တရားခံမောင်ဝင်းကြည်မှာ အခင်းဖြစ် နေရာမှ ဒါးမကိုကိုင်ကာ နေအိမ်မှထွက်ပြေးသွားကြောင်းသိရှိရသည်။
အခင်းဖြစ်ကျေးရွာသို့အောက်တိုဘာလ (၁၀) ရက်နေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးကျော်ဇော နှင့် တပ်ဖွဲ့ဝင်များ၊ မင်းပြင်ရဲစခန်းမှူးရဲအုပ်အောင်ဇော်မင်းနှင့်တပ်ဖွဲ့ဝင်များ၊ နယ်ထိမ်းတပ်ဖွဲ့ဝင်များတို့မှာရောက်ရှိလာပြီး၊တရားခံဖြစ်သူ မောင်ဝင်းကြည်အားအမြန်ဆုံးဖမ်း ဆီးနိုင်ရန်အတွက်စုံစမ်းဖော်ထုတ်နေကြောင်း သတင်းရရှိသည်။ အောက်ဖော်ပြပါတရားခံအားတွေ့ရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ သတင်းပေးကြပါရန် အသိပေးအပ်ပါသည်။
ရမ္မာဝတီစောကျော်မိုး
Comments
Post a Comment