လင်မယားချင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကိုပေါက်တူးဖြင့် ခုတ်မှုဖြစ်ပွား



ပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်းအပိုင် ကျုံပကန်ကျေးရွာ၊ကျိုက်ဒေးယုံကျေးရွာအုပ်စုတွင်(၁၃.၁၀.၂၀၁၇)နေ့ ညနေ
(၆း၃၀)အချိန်ခန့်က လင်မယားခြင်းစကားများရာမှ လူသတ်မှုတစ်ခုဖြစ်ပွား
ခဲ့သည်။ဖြစ်စဉ်မှာဦးသန်းငွေ(၅၁)နှစ်၊(ဘ)ဦးလှိုင်စိုး၊ကျုံပကန်ကျေးရွာ၊ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ပဲခူးမြို့နယ်နေသူနှင့် ဇနီးဖြစ်သူ ဒေါ်ဌေးဌေး(၄၁)
နှစ်၊(ဘ)ဦးချစ်၊ကျုံပကန်ကျေးရွာ၊ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ပဲခူးမြို့နယ်
နေသူအား လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ တစ်ယောက်တစ်ခွန်း
စကားများရန်ဖြစ်ရာ ဦးသန်းငွေမှာ သစ်သားရိုးအရှည်(၃)ပေ၊ပေါက်ပြား
ဖြင့် ခုတ်ခဲ့ရာ ဒေါ်ဌေးဌေးတွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲသွေးထွက်ဒဏ်
ရာရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ လမ်းတွင်သေဆုံး
သွားခဲ့သဖြင့် စခန်းမှ(ပ)၈၃၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်
အရေးယူထားကြောင်းသတင်းရရှိသည်။

Ko Thant Zin

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော