ဒီနေ့ည(၈)နာရီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရခိုင်အရေးမိန့်ခွန်းပြောမယ်
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကအောက်တိုဘာလ(၁၂)ရက် ဒီနေ့ ည(၈)နာရီမှာ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တစ်ဆင့် ပြည်သူတွေကို တိုက်ရိုက်ပြောကြား မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုပဋိပက္ခတွေ
နောက်ပိုင်း ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒုတိယအကြိမ်မိန့်ခွန်းပြောကြားတာဖြစ်ပါတယ်။ အောက်တိုဘာလ(၁၁)ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး မှာလည်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရေရှည်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ချမှတ်ပေးခဲ့ပါတယ်။
5 Plus News
#မေသတင်းရပ်ကွက်လေး
Comments
Post a Comment