မွေးစားသမီးက တုတ်နဲ့ ရိုက်လို့ ဖခင်သေဆုံးသွားတဲ့ ဘိုကလေးမြို့ကဖြစ်ရပ်
ဘိုကလေး အောက်တိုဘာ ၁၀
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ၀၀၄၅ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ (၆)ရပ်ကွက်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ ဘိုကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါ ရပ်ကွက်နေ ဦးမြင့်အောင်(၆၆)နှစ်သည် မွေးစားသမီးဖြစ်သူ (၁၀)ရပ်ကွက်နေ မစိမ်းစိမ်းလတ် (၃၂)နှစ်နှင့်အတူ နေအိမ်၌ အရက်အတူသောက်ပြီး အမြည်းစားသည့်ကိစ္စဖြင့် စကားများရန်ဖြစ်စဉ် မစိမ်းစိမ်းလတ် မှ တုတ်ဖြင့်ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်းတို့ကြောင့် ဦးမြင့်အောင် တွင် ဒဏ်ရာ များရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
မစိမ်းစိမ်းလတ် အား ဘိုကလေး မြို့မရဲစခန်း (ပ)၂၃၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
M.H.T
copy-Min Zin Than
crd
#ခရီးသည်
#ဒေါ်မေတို့ရွာကလေး
Comments
Post a Comment