#မကွေးမြို့မရဲစခန်းမှအချုပ်သား၆ဦးထွတ်ပြေးလွတ်မြောက်
မကွေးတိုင်းဒေသကြီး၊မကွေးမြို့ ၊မြို့မရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းက အချုပ်သား(၆)ဦး အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့မရဲ စခန်းမှ ကနဦး သတင်းရသည်။
“ကျွန်တော်တို့ နံနက် ၆နာရီလောက်က သိရပါတယ်။အချုပ်ခန်း အခန်း(၆)မှာ မုဒိန်းမှု နဲ့ အချုပ်ကျနေတဲ့ အချုပ်သား(၄)ယောက်၊မှုးယစ်(၁) ယောက်နဲ့ခိုးမှုနဲ့ (၁)ယောက် ပေါင်း(၆)ယောက် အချုပ်ခန်း ဖောက်ထွက်ပြေးတယ်၊ CCTVကင်မရာ စစ်ဆေးကြည့်တော့ နံနက် ၃နာရီ၇မိနစ်၄၄စက္ကန့်မှာ ခေါင်မိုးဖောက် ထွက်ပြေးတယ်လို့ သိရပါတယ်”ဟု မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးဝင်းကျော်ကပြောသည်။
“ဒီလောက်ဘဲ ပြောနိင်ပါသေးတယ် ဒီထွက်ပြေးနေတဲ့ အချုပ်သားတွေ ဖမ်းမိဖို့ ကြိုးစားဆောင်ရွက်နေကြပါတယ်၊အခု လောလောဆယ်ကတော့ တာဝန်ကြ ကင်းမှူး တပ်ကြပ်ညွှန်လှိုင်နဲ့ ကင်းတပ်သား(၆)ယောက်ကို အချုပ်ထဲထည့်ပြီး ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်ဟု ” ဒုရဲမှူးဝင်းကျော်ကပြောသည်။
အချုပ်ခန်းဖောက်၍ ထွက်ပြေးနေသူများမှာ စကုမြို့နယ် မင်းရွာနေ ဘိုဘိုလတ် (၂၈ နှစ်)၊ မကွေးမြို့ အထက်ပွဲကြိုရပ်နေ စိုင်းသီဟ (၂၁ နှစ်)၊ မကွေးမြို့ မြင်ကွန်းကျေးရွာနေ ချစ်ကို (၂၄ နှစ်)၊ မကွေး ယင်းဆိပ် ကျောင်းတော်ဦးကျေးရွာနေ အောင်ဇော်လင်း (၂၈နှစ်) နှင့် သိန်းမင်းထိုက် (၁၈နှစ်)၊ မကွေးမြို့ အလပ်ကျေးရွာနေ ခိုင်စိုး (၂၈နှစ်)တို့ဖြစ်ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မျိုးလှိုင်ဝင်း(ငဖဲ)
Credit - News Watch
https://m.facebook.com/story.php?story_fbid=1481259551911841&id=343551955682612
Comments
Post a Comment