စေတီကြီးတစ်ဆူ မတည်နိုင်ပေမဲ့ ဘဝမှာပန်းစေတီလေး တစ်ဆူတော့ ငွေကုန်ကြေးကျ မများပဲ ပူဇော်နိုင်ပါတယ်
ပန်းစေတီပြုလုပ်နည်းနှင့် ပန်းစေတီအထ္တုပတ္တိ
ပန်းစေတီ ပြုလုပ်နည်းလေးမေးလာကြတဲ့
friများအတွက် ပြုလုပ်နည်းလေးမျှဝေလိုက်ပါတယ်ရှင်
သဲကိုပဲ အောက်ခံထားပြီးပြုလုပ်ထားပါတယ်
အပွင့်ညှာ မာတဲ့ မည်သည့်ပန်းမဆို ပြုလုပ်လို့ရပါတယ်
ကျမပြုလုပ်ထားတဲ့ ပန်းစေတီ အချို့ကိုလဲ
မျှဝေလိုက်ပါတယ်ရှင်
ပန်းစေတီ အတ္ထုပတ္တိ
ဗုဒ္ဓဘုရားရှင်ကို ရည်မှတ်၍ ဓာတုစေတီ, ဥဒ္ဒဿ စေတီ၊ပရိဘောဂေစတီ၊ဓမ္မစေတီ စတဲ့ စေတီအမျိုးမျိုး တည်ထား ကိုးကွယ်ကြပါတယ်။ အဲလို ဗုဒ္ဓဘုရားကိုရည်မှတ်၍ ပန်းစေတီများလည်း တည်ထားတတ်ကြပါတယ်။ပန်းစေတီ တည်ခြင်းအားဖြင့် များစွာသော အကျိုးဖြစ်စေပါတယ်။
ပန်းစေတီတည်ခြင်း အလေ့ဟာ
ပုပ္ဖထူပိယေတ္ထရ ဝတ္ထုက လာတယ်လို့ ယူဆကြပါတယ်။ပုပ္ဖထူပိယေတ္ထရရဲ့ အလောင်းဟာ ၀ီပသီဘုရားဖြစ်ထွန်းခါုနီး ကာလမှာ ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းခပ် တတ်မြောက်ကျွမ်းကျင်တဲ့ ပုဏ္ဏားဖြစ်ခဲ့ဖူးတယ်၊ ပုဏ္ဏားဟာ တပည့်ပေါင်း ငါးထောင်တို့ကို နေ့စဉ် ဗေဒင်ပို့ချနေရာက ဗေဒပင်ညာမှာ ဘာမျှ အနှစ်သာရရှိတာကို မမြင်တဲံ့အတွက် စည်းစိမ်ဥစ္စာကို စွန့်ပြီး ရသေ့ဝတ်ပါတယ်။
ရသေ့ဝတ်ပြီး သူ့အတုလိုက် ရသေ့ဝတ်ကြတဲ့ တပည့်ပေါင်း ငါးထောင်တို့နှင့် အတူတကွ ဟိမဝန္တာကိုဝင်ကာ ကုက္ကုရအမ်ရညှိတဲ့ တောရဲ့ အနီးမှာ သစ်ရွက်မိုး ကုဋီကလေးများ ဆောက်လုပ်ပြီး တရားအားထုတ်နေကြတဲ့အတွက် အားလုံးသော တပည့်များနှင့်တကွ ဆောက်လုပ်ပြီး တရားအားထုတ် နေကြတဲ့တွက် အားလုံးသော တပည့်များနှင့်တကွ အဘိညာဉ်ငါးပါး၊ သမာပတ်ရုစ်ပါးတို့ကို ရကြပါတယ်။ တစ်နေ့တော့ တပည့်ရသေ့ တစ်ဦးဟာ ချဉ်ဆားမှီဝဲလိုတဲ့အတွက် လူတို့ နေရပ်ကို ခေတ္တပြန်သွားတယ်၊ နေရပ်ရောက်တော့ ဝိပသီဘုရားရှင်ကို ဖူးတွေ့ရတယ်၊ ဘုရားစစ် ဘုရားမှန် ဟုတ်, မဟုတ်ကို ၃၂-ပါးသော လက္ခဏာကျမ်းနှင့် တိုက်ဆိုင် ကြည့်လိုက်တော့ ဘုရားစစ် ဘုရားမှန်ဟုတ်ကြောင်း သိလို့ ကုက္ကုရတောင်ယံ ပြန်လာပြီး ဆရာဖြစ်သူကို ပြောကြားတယ်။
လူ့လောကမှာ ဘုရားပွင့်ပြီဆိုတာ ကြားတော့ လောကမှာ ဘုရားရှင်ကို ဖူးမြော်ခွင့် ကြုံဖို့ဆိုတာ အလွန် ခက်တယ်၊ အလွန်ခက်တဲ့ သက်တော်ထင်ရှား ဘုရားရှင်ကိုဖူးမြော်ဖို့ အခွင့်ဟာ ယခု ကြုံခဲ့ပြီ၊ ဘုရားဖူးရန် သွားကြစို့လို့ တပည့်အခြံအရံနှင့် ဘုရားဖူးထွက်လာခဲ့တယ်၊ လမ်းခရီး တစ်ဝက်ရောက်တော့ ရသေ့ကြီးမှာ အဖျားရောဂါ ဝင်ရောက်လာတယ်၊ ဒါကြောင့် သစ်ရွက်မိုး တဲကျောင်းကလေး ပြုလုပ်ပြီး ကျောင်းခန်းအတွင်း အပန်းဖြေတယ်၊ အပန်းဖြေရင်း ငါဟာ အသက်ကြီးပြီ၊ ရောဂါကလည်း ပြင်းထန်တယ်၊ ဒီတောင်က ကျော်တက်နိုင်မယ် မထင်ဘူး သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးခွင့်မရတဲ့အတွက် ပန်းစေတီ ပြုလုပ် ဖူးမြော်မှတော်မှာပဲလို့ တပည့်ရသေ့များကို ဟိမဝန္တာအတွင်းမှ စကား စသောပန်းများ ရသေလာက် အကောက်ခိုင်းတယ်၊ ပန်းတွေရတော့ ပန်းတွေကို ဆင့်ကာဆင့်ကာ စီပြီး ပန်းစေတီ တည်ပါတယ်။
အဲဒီ ပန်းစေတီကို သက်တော်ထင်ရှား ဘုရားသခင်က်ဲ့သို့ ပူဇော်ပြီး ကွယ်လွန်သွားတဲ့အခါ မယုတ်သောဈာန် ရှိတဲ့အတွက် ဗြဟ္မာ့ပြည်မှာ ဖြစ်သတဲ့၊ တပည့်ရသေ့များဟာ ရသေ့ကြီးရဲ့ အေလာင်းကို သင်္ဂြိုဟ်ပြီး ဝိပသီဘုရားရှထင်ံ ဒီအေကြာင်းကို လျှောက်ထားကြတယ်၊ ဝိပဿီဘုရားရှင်ကို ဗုဒ္ဓစက္ခုဖြင့် ကြည့်တော်မူပြီး ပန်းစေတီပူဇော်ရတဲ့ ကောင်းမှုကြောင့် ရသေ့ကြီးဟာ ဂေါတမဘုရားရှင်လက်ထက် ကျွတ်တမ်းဝင်လိမ့်မယ်လို့ ဗျာဒိတ်ကြားတော်မူတယ်၊ ဝိပသီဘုရားရှင် ဗျာဒိတ်ကြားတော်မူတဲ့အတိုင်း ရသေ့ကြီးဟာ ဂေါတမဘုရားရှင် ပွင့်တော်မူတဲ့အခါ သာဝတ္ထိပြည် အမျိုးကောင်း အိမ်မှာဖြစ်ပြီး သိ, ကြား, လိမ္မာတဲ့ အရွယ်မှာ ရှေးက ဝါသနာအစွမ်းဖြင့် ဘုရားရှင်၌ ကြည်ညိုပြီး သင်္ကန်းဝတ်ခဲ့ရာက မကြာမီ ရဟန္တာ ဖြစ်ပါတယ်။
ဒီအကြာင်းကို ပုပ္ဖထူပိယေတ္ထရ အပါဒါန်မှာ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏ ပန်းပုထိုးတော်ကို ပူဇော်ရသော ကောင်းမှုကြောင့် ငါသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ခဲ့ပေ၊ ကမ္ဘာလေးသောင်းထက်၌ များသောဗိုလ်ပါ အင်းအားရှိသော အဂ္ဂိသမအမည်ဖြင့် ထင်ရှားးသော စကြာဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူး၏၊ ကမ္ဘာနှစ်သောင်းထက်၌ မြေအရှင်ဖြစ်သော ဃတာသနအမည်ဖြင့် စကြာဝတေးမင်း သုံးဆယ့်ရှစ်ကြိမ် ဖြစ်ဖူး၏၊ လေးပါးသော ပဋိသမ္ဘိဒါအမည်ဖြင့် စကြဝတေးမင်း သုံးဆယ့်ရှစ်ကြိမ် ဖြစ်ဖူး၏၊ လေးပါးသော ပဋိသမ္ဘိဒါ တို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီ၊ ဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်သုံးပြီးပြီလို့ မထေရ်မြတ် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့တယ်၊ ဒါကြောင့် ပန်းစေတီ ပူဇော်တယ်ဆိုတာ ပုပ္ဖထူ ပိယေတ္ထရာပဒါန်က စတင်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒါကြောင့်ပန်းစေတီမြတ် ပူဇော်ခြင်းသမိုင်းသိပြီး ပန်းစေတီများ တည်ထားဖူးမြော်ခြင်းဖြင့် ကောင်းကျိုးများ ပြည့်ဝနိုင်ကြပါစေ။
Credit snow snow and orginal uploader
photo credit
#မေသတင်းရပ်ကွက်လေး
Comments
Post a Comment