နေရပ်စွန့်ခွာ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်





နေပြည်တော် အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များ ကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့တွင် တပ်မတော် နယ်လှည့်ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၄ ဦးနှင့် ရန်အောင်ပြင်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ၃ဝ ဦးတို့ကို အဆိုပါ ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော