လူကြီးမင်းများခင်ဗျာ သက်ငယ်မုဒိမ်းမှုများအတွက် ထိရောက်ပြင်းထန်သော ပြစ်ဒါဏ်များ တို.မြှင့်ချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိ





သက်ငယ် မုဒိန်းမှု ပေါင်မြို့တွင်ဖြစ်ပွား

 

သူငယ်တန်းတက်နေသည့် ၅ နှစ်အရွယ် မိန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟု ခေါ်သွားပြီး မုဒိန်းကျင့်ခဲ့သူတစ်ဦးကို ဖမ်းဆီး ရမိအရေးယူထားသည်

ပေါင်မြို့ ပေါင်းရပ်ကွက် ၀င်းခလုံးပိုင်းနေ (ဘ)××(မိ)××တို့၏သမီးဖြစ်သူ အမက၀င်းခလုံး၌သူငယ်တန်းတက်နေသည့် အသက်၅ နှစ်အရွယ် မ××ကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က အိမ်နီးချင်းနေထိုင်သည့် အောင်မျိုးထွန်း (ခ)သခေါ ၂၅နှစ်(ဘ)ဦးတက်တိုး ဆိုသူမှမုံ့ဝယ်ကျွေးမည်ဟုပြောဆိုခေါ်သွားပြီး မိုးနှိုင်းရပ်ကွက်စမ်းညီနောင်ချောင်း ဘေးမှ မှောင်နေ သော ဈေးဆိုင်ပေါ်တွင် တစ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့သည်

မ××သည် မုံ့ထုတ်တစ်ထုတ်ကိုင်ကာ ငိုပြီး အိမ်သို့ပြန်လာသဖြင့် မိခင် ဖြစ်သူက အကျိုးအကြောင်းမေးမြန်းရာမှ သခေါ မုဒိန်း ကျင့်သည့်ကိစ္စပြောပြခဲ့သည်ဟုဆိုသည်။

"ကလေးကငိုပြီးပြန်လာလို့သူ့အမေကမေးတော့ သခေါ သူ့ကို ××တယ်လို့ ပြောတယ် အဲ့ဒါနဲ့ရွာကလူတွေခေါ်ပြီးရဲစခန်းကိုလာတိုင်တာ " ဟု ကလေး၏ဖခင် ဦး ××က ပြောပြခဲ့သည်

တရားခံအောင်မျိုးထွန်း (ခ)သခေါ ဆိုသူကိုဖမ်းမိခဲ့ပြီးဆေးရုံ၌ ဆေးစစ်မှုပြုလုပ်နေစဉ်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ

"မုန့်စားမယ်ဆိုပြီး သူကလိုက်လာတယ် အမှောင်ထဲကနေဆိုတော့ ဈေးဆိုင်ပေါ်မှာ တစ်ခါ လုပ်လိုက်မိတယ်"ဟု ၀န်ခံ ပြောဆိုခဲ့သည်။

ည ၁၀ နာရီခွဲအချိန်အထိတော့ ကျုးလွန်ခံရသူ မိန်းကလေးနှင့်တရားခံ တို့ကို ရဲတပ်ဖွဲ့ မှ ပေါင်မြို့ပြည်သူ့ဆေးရုံ၌ ဆေးစစ်မှုပြုလုပ်နေဆဲဖြစ်ပြီး ပေါင်ရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ သက်ငယ်မုဒီမ်းမှု အဖြစ်သတ်မှတ် အမှုဖွင့် လှစ်စစ်ဆေးနေကြောင်းသိရသည်။

Paung Daily

Zin Moe

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော