ပုသိမ်မြို့တွင် ဖုန်း ၂၆ လုံးခိုးယူခဲ့သူ အမျိုးသမီးအား ဖမ်းမိ



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်မှာရှိတဲ့ အလှပြင်ဆိုင်တွေနဲ့ အပ်ချုပ်ဆိုင်တွေကို ပစ်မှတ်ထားပြီး ဖုန်းတွေကို လိုက်လံခိုးယူနေတဲ့ အမျိုးသမီးတဦးကို အောက်တိုဘာလ ၁၀ ရက်နေ့က ပုသိမ်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီအမျိုးသမီးဟာ အလှပြင်ဆိုင်တွေမှာ အလှပြင်ခြင်း ခေါင်းလျှော်ခြင်းတွေ ပြုလုပ်ပြီးလူလစ်ချိန်မှာ ဖုန်းတွေကို ခိုးယူခဲ့တာဖြစ်ပြီး အလားတူအပ်ချုပ်ဆိုင်တွေမှာလည်း အထည်တွေ သွားအပ်ပြီး လူလစ်ချိန်တွင် ဖုန်းတွေကို ခိုးယူခဲ့ပြီး ဖမ်းမိချိန်မှာတော့ ဖုန်း ၃ လုံးကို လက်ဝယ်ဖမ်းမိပြီး ၂၃ လုံးကိုတော့ ရောင်းချထားပြီးပြီ ဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်းကနေ သိရပါတယ်။

ပုသိမ်မြို့မ ရဲစခန်းက ရဲအုပ်ဇော်မင်းထွန်းက “ဖမ်းမိတဲ့အမျိုးသမီးဟာ အလှပြင်ဆိုင်နဲ့ အပ်ချုပ်ဆိုင်တွေကိုသွားရင် ဆွဲကြိုးအကြီးကြီးတွေ လက်ကောက်တွေ အများကြီးဝတ်သွားတော့ သူ ခိုးတယ်လို့ သိပ်မထင်ကြဘူး။ ဝတ်သွားတာတွေကလည်း ရွှေအတုတွေပါ။ အဲ့ဒါ ဖုန်းပျောက်တာလည်း တဆိုင်ကို တလုံး နှစ်လုံးထဲ ဆိုတော့ အမှုမဖွင့်ချင်ကြတာ ထင်ပါတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်ကတော့ ပုသိမ်မြို့မှာရှိတဲ့ အလှပြင်ဆိုင်တွေနဲ့ အပ်ချုပ်ဆိုင်တွေမှာ မကြာခဏ ဖုန်းတွေ ခိုးယူခံနေရတယ်လို့ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာတွေပေါ်မှာ သတင်းတွေ ပျံ့နှံ့လာပြီးနောက်မှာ ပုသိမ်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သတင်းလိုက်လံစုံစမ်းခဲ့ပါတယ်

အဲဒီလို စုံစမ်းနေတုန်း အောက်တိုဘာလ ၁၀ ရက် နေ့လယ်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်၊ မြို့မခြင်းလုံးရုံအနီးက လမ်းမပေါ်မှာ အလှပြင်ဆိုင်နဲ့ အပ်ချုပ်ဆိုင်တွေကို မကြာခဏ ဝင်ထွက် သွားလာနေတဲ့ အဲ့ဒီအမျိုးသမီးကိုတွေ့ရှိပြီး သူကိုင်ဆောင်လာတဲ့ အိတ်ထဲက (၁) သိန်းကျော်တန် ဖုန်း(၂) လုံးတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ရာမှာတော့ သူ ပိုင်ဆိုင်တဲ့သက်သေ အထောက်အထား တစုံတရာ ပြသနိုင်တာမရှိလို့ ရဲတပ်ဖွဲ့ဝင်တွေက အဲ့ဒီအမျိုးသမီးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖုန်းတွေလိုက်လံခိုးယူနေတဲ့ အမျိုးသမီးဟာ ပုသိမ်မြို့၊ အမှတ်(၈) ရပ်ကွက်နေသူ မနှင်းဝေေ၀ဖြိုးဖြစ်ပြီး ပုသိမ်မြို့မရဲစခန်းက (ပ)၂၆၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။

သတင်း – မြမင်းဦး(ပုသိမ်)



DVB TV News

http://burmese.dvb.no/archives/233155

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော