ငါန်းဇွန်မြို့နယ်မှာ ဘုရားထီးတင်ပြီး အလှူပေးနေတဲ့ မနော တို့မိသားစု
နာမည်ကျော်အဆိုတော်ဖြစ်သူ မနောက ငါန်းးဇွန်မြို့နယ် ရွာသစ်ရွာမှာ ဘုရားတည် ကုသိုလ်ပြုနေတယ်လို့ သိရပါတယ်။
ဘာသာရေးလိုက်စားသည့် နယ်အကြိုက် အဆိုတော် မနောက ပရဟိအလုပ်များ၊ အလှူအတန်းများ မကြာခဏလုပ်လေ့ရှိသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက်မှာတော့ သူ့ရဲ့ ဖေ့စ်ဘွက်မျက်နှာတွင် ဘုရားထီးတင်၊ လှူလုပ်မည့်ပွဲသို့ ပရိတ်သတ်များကို ဖိတ်ကြားထားတာ တွေ့ရသည်။
မင်္ဂလာပါ မနက်ဖြန် သီတင်းကျွတ်လပြည့်ကျော်(၇)ရက်နံနက်(၈:၀၀)တိတိမှာကျွန်တော်တို့မိသားစုတည်ထားကိုးကွယ်သော အလိုတော်ပြည့်စေတီတော် ရွှေထီးတော်တင်နှင့်ဘုရားအနေကဇာတင်ပွဲသို့ တေးချစ်သူ မိတ်ဆွေ သူငယ်ချင်းအပေါင်းတို့လာရောက်ကုသိုလ်ယူပါရန် ဖိတ်ကြားအပ်ပါသည် ငါန်းဇွန်မြို့နယ် ရွာသစ်ရွာ အောင်မြေရတနာကျောင်းတိုက်သို့ *ငါးခြောက်ချက် ပဲကြော် ပဲတီချဉ်သုပ် ငြုပ်ကြော် မှန်ရောင်ဟင်းချိုဖြင့် ကျွေးမွေးဧည့်ခံပါမည်ခင်ဗျားး မောင်မနော” ဟု သူက ရေးသားထားသည်။
မနောက အောက်တိုဘာလ ၇ ရက်နေ့ကလည်း သူ့ရဲ့ MTV သီချင်းအသစ်တစ်ပုဒ်ကို ဖေ့စ်ဘွက်စာမျက်နှာပေါ်ကတစ်ဆင့် ပရိတ်သတ်ကို ဖြန့်ချိပေးခဲ့သည်။
Photos©Manaw
Comments
Post a Comment