ဓားထောက်ဆိုင်ကယ်လုယက်သည့် အဖွဲ့ကိုဖမ်းဆီးစစ်ဆေးရာမှလုယက်မှု ကိုးမှု ထပ်မံပေါ်ပေါက်



ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့တွင် အုပ်စုဖွဲ့ကာဓား ထောက်ပြီး ဆိုင်ကယ်များလု ယက်သည့် အဖွဲ့ကို ဖမ်းဆီးစစ် ဆေးရာမှ အခြားလုယက်မှုကိုးမှု ပေါ်ပေါက်ခဲ့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့ နယ်၊ အမှတ် (၆၀) ရပ်ကွက် တွင် အောက်တိုဘာ ပထမပတ် က ဆိုင်ကယ်တစ်စီး၊ ဖုန်းနှစ်လုံး တို့နှင့်အတူ တွေ့ရှိသူများကို ဖမ်း ဆီးစစ်ဆေးရာ လုယက်ခဲ့မှုများ ပေါ်ပေါက်ခြင်းဖြစ်ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိ တစ်ဦးကပြောသည်။

ဖမ်းဆီးရမိသူ လေးဦးသည် ချစ်ကို (ခ)စန်းမျိုးဦးနှင့်အတူ သြဂုတ်နှင့် စက်တင်ဘာတို့တွင် မြနန္ဒာခန်းမအနီး၌ ဆိုင်ကယ်နှစ် စီးကို လုယက်ခဲ့ကြောင်း ပေါ် ပေါက်ခဲ့သည်။

ထို့အပြင် ၎င်းအဖွဲ့သည်ဒဂုံ မြို့သစ်တောင်ပိုင်း ကျောက်လမ်း ကန်ပေါင်အနီး အမျိုးသားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီး ကို လုယက်ခဲ့သည့်အပြင် ကန်ပေါင်အနီးရှိ စုံတွဲထံမှ ဆိုင်ကယ် တစ်စီး လုယက်ခဲ့သည်။

ထို့အပြင် မြနန္ဒာခန်းမအနီး မှ ဆိုင်ကယ်တစ်စီးကို ထပ်မံလု ယက်ခဲ့သည့်အပြင် ဒဂုံမြို့သစ်တောင်ပိုင်း (၁၀၆)ရပ်ကွက်ရှိ စက်မှုဇုန်အတွင်း စုံတွဲတစ်တွဲထံမှ ဆိုင်ကယ်တစ်စီးကို လုယက်ခဲ့ သည်။

စုစုပေါင်း ဆိုင်ကယ်ကိုးစီး နှင့် လက်ကိုင်ဖုန်းသုံးလုံးတို့ကို ဓားထောက်လုယက်ခဲ့မှုများ ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။

ဒဂုံဆိပ်ကမ်းနှင့် တောင်ဒဂုံ မြို့နယ်တို့တွင် အုပ်စုဖွဲ့ ဓား ထောက်လုယက်မှုများ အကြိမ် ကြိမ်ကျူးလွန်ခဲ့သည့် အမျိုးသား ငါးဦးကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း နှင့် တောင်ဒဂုံမြို့မရဲစခန်းတွင် အသီးသီး အမှုဖွင့်အရေးယူထား သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် ညပိုင်းကလည်း သပြေခြံ နှင့် ကျောချင်းကပ်ကွန်ကရစ်လမ်းမ ပေါ်တွင် ချင်းတိုင်းရင်းသားစုံတွဲ တစ်တွဲကို အခြားအမျိုးသားနှစ်ဦး က ဓားဖြင့် ထိုးသောကြောင့်  အသက် (၂၀) အရွယ်လူငယ် သေဆုံးပြီး အမျိုးသမီးမှာလည်း ဓားဒဏ်ရာများရရှိသည့် ဖြစ်စဉ်ဖြစ် ပွားခဲ့သည်။



7Day News Journal

http://www.7daydaily.com/story/109945

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော