ရိုဟင်ဂျာဟု သုံးစွဲနေခြင်းက ရခိုင်အရေး ပိုမိုရှုတ်ထွေးစေ



ရိုဟင်ဂျာလို့ သုံးစွဲနေတာဟာ ရခိုင်အရေးကို ပိုမိုရှုတ်ထွေးစေတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီဝင်တွေ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၁ ရက်နေ့က တိုကျိုမြို့မှာ ပြုလုပ်ခဲ့စဉ် ဂျပန် မိုင်းနီချီ သတင်းစာကြီးရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပြောဆိုခဲ့တာပါ။

ဦးကိုကိုကြီးဦးဆောင်တဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီဝင် ၈ ဦးဟာ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးအပါအ၀င် ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာနည်းပညာတွေ အပါအ၀င်လေ့လာမှုတွေကို အောက်တိုဘာ ၁၆ ရက်အထိ ဂျပန်နိုင်ငံမှာ ၇ ရက်ကြာ နေထိုင်လေ့လာကြမှာဖြစ်ပါတယ်။



DVB TV News

http://burmese.dvb.no/archives/233364

Comments

Popular posts from this blog

ခွဲစိပ်ပါရဂူသိရင်ငိုလောက်တဲ့ဇာမဏီရွက်

စစ်ဘေးရှောင်အမည်ခံ လုပ်စားနေတဲ့ KIA အရပ်ဝတ်နဲ့တပ်ဖျောက်နေထိုင်လာတဲ့ KIA

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးသွားဟု အပစ်ရပ် အဖွဲ့များပြော